သင်၏ နိုင်ငံ နှင့် ဘာသာစကား ကို ရွေးချယ်ပါ
Singapore
Malaysia
Indonesia
Brunei
Myanmar
Takaful

ယုံကြည်အားထားရသော အာမခံလုပ်ငန်းတစ်ခု

Great Eastern ကုမ္ပဏီအနေဖြင့် အာရှ အာမခံလုပ်ငန်းစု၏ ရှေ့ဆောင်လမ်းပြသူ အနေဖြင့် ရာစုနှစ် တစ်ခုကျော် ဦးဆောင်ခဲ့ပါသည်။ သန်းပေါင်းများစွာသော ၀ယ်ယူသူများ၏ စိတ်ကျေနပ်မှုကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသော ပြိုင်ဆိုင်မှုများကြားမှ Great Eastern ၏ ၀ယ်ယူစားသုံးသူများအတွက် အမြဲတမ်း ယုံကြည်အားထားရဆုံး ကုမ္ပဏီတစ်ခုအနေဖြင့် ပိုမို၍ တိုးတက်ကောင်းမွန်အောင် အစဉ်ကြိုးစားလျက်ရှိပါသည်။

၁၉၀၈ ခုနှစ်တွင် စတင် တည်ထောင် ခဲ့သော Great Eastern  သည် အအောင်မြင်ဆုံး ဈေးကွက်ဦးဆောင်သူ နှင့် အယုံကြည်ရဆုံး အမှတ်တံဆိပ် တခုအဖြစ် စင်ကာပူနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့တွင် ရပ်တည်လျက်ရှိပါသည်။ ပိုင်ဆိုင်ရင်နှီးမြှပ်နှံမှုပေါင်း S$၁၀၀ ဘီလီယံကျော် နှင့်  policyholders ၁၃ မီလီယံကျော် (၁၀.၅ မီလီယံ အစိုးရစီမံချက် အပါအ၀င်) ဖြင့် သုံးစွဲသူများး အဆင်ပြေစေရန် မိမိတို့၏ အအောင်မြင်ဆုံး လမ်းကြောင်း ၃ခုဖြစ်သော - မိတ်ဖက် အေဂျင်စီ၊ ဘဏ်မှတဆင့် ရောင်းချခြင်း၊ စီးပွားရေး အကြံပေး လုပ်ငန်းစုများမှ တဆင့် ပံ့ပိုးကူညီလျက် ရှိပါသည်။ Great Eastern အုပ်စုသည် အင်ဒိုနီးရှား နှင့် ဘရူနိုင်း နိုင်ငံများတွင်လည်း ၀န်ဆောင်မှုများ ပေးလျက်ရှိပါသည်။


The Great Eastern Life Assurance Company Limited (အသက်အာမခံ) and Great Eastern General Insurance Limited (အထွေထွေအာမခံ) သည် ၂၀၁၀ ခုနှစ်မှ စ၍ S&P ၏ ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင့် the financial strength and counterparty credit rating “AA-“ ရရှိထားပြီး အာရှ အသက်အာမခံကုမ္ပဏီများထဲတွင် အမြင့်ဆုံး အဆင့်ရရှိထားသော ကုမ္ပဏီတခု လည်း ဖြစ်ပါသည်။ Great Eastern ၏ asset management လက်အောက်ခံကုမ္ပဏီတခု ဖြစ်သော Lion Global Investors Limited သည်လည်း အရှေ့တောင်အာရှ၏ ပုဂ္ဂလိက အပိုင်းတွင် အကြီးမားဆုံး Asset Management ကုမ္ပဏီတခု အဖြစ် ရပ်တည်လျက် ရှိပါသည်။ 

 

Great Eastern သည် ၁၉၃၂ တွင် စတင် တည်ထောင်သော၊ စင်ကာပူနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး ဘဏ်တခုဖြစ်သည့် OCBC Bank ၏ လက်အောက်ခံကုမ္ပဏီ တခုဖြစ်ပါသည်။ OCBC Bank သည် ပိုင်ဆိုင် ရင်းနှီးမြှပ်နှံမှုများ နှင့် financial ခိုင်မာမှု၊ တည်ငြိမ်မှုများကြောင့် မြင့်မားသော ဘဏ်အဆင့်သတ်မှတ်ချက်များ (Moody (Aa1) and Fitch and S&P (AA-) ) ရရှိထားပြီး အရှေ့တောင် အာရှတွင် ဒုတိယအကြီးမားဆုံး Financial services group အဖြစ်ရပ်တည်လျက် ရှိပါသည်။ OCBC Bank သည် Global Finace ၏ ကမ္ဘာ့ အလုံခြုံဆုံး ဘဏ် (၅၀) စာရင်းတွင် တသတ်မတ်တည်း ရပ်တည်လျက်ရှိပြီး၊ The Asia Banker ၏ စင်ကာပူနိုင်ငံတွင် Best Managed Bank အဖြစ်လည်း သတ်မှတ်ခြင်းခံထားရပါသည်။


Bancassurance ၏ ဦးဆောင်သူ

၁၉၉၂ ခုနှစ်တွင် Great Eastern ကုမ္ပဏီသည် OCBC ဘဏ်နှင့် ပါတနာအဖြစ်တွဲကာ စင်ကာပူနိုင်ငံတွင် ပထမဦးဆုံးသော Bancassurance စနစ် (အာမခံထုတ်ကုန်များကို ဘဏ်များမှ တဆင့် ရောင်းချခြင်း) အား စတင်လုပ်ဆောင်ခဲ့ပါသည်။ Great Eastern နှင့် OCBC တို့ ပူးပေါင်းကာ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုများဖြင့် Bancassurance ဈေးကွက်တွင် ဈေးကွက်အား ဦးဆောင်သူအဖြစ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါသည်။ Bancassurance ဈေးကွက်တွင် အသစ် အသစ်သော ထုတ်လုပ်မှုများ၊ အခွင့်အရေးများကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ပြီး၊ အကောင်းမွန်ဆုံး ထုတ်ကုန်များ နှင့် အပြည့်ဝဆုံး ၀န်ဆောင်မှုများဖြင့် OCBC ဘဏ် အသုံးပြုသူများအား ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပါသည်။


ကျွန်ုပ်တို့၏ အထွေအထွေ အာမခံ လုပ်ငန်း

Great Eastern General Insurance Limited (GEG) အနေဖြင့် ဘဏ်များ၊ အာမခံကုမ္ပဏီ ကိုယ်စားလှယ်များ၊ ပွဲစားများ၊ ဘဏ္ဍာရေး အကြံပေးသူများ နှင့် တိုက်ရိုက်ဝယ်ယူသူများမှ တဆင့် ကုန်သွယ်စီးပွားရေး (သို့မဟုတ်) တစ်ဦးတစ်ယောက်ချင်း နှင့် သက်ဆိုင်သော အထွေထွေ အာမခံထုတ်ကုန်များကို ရောင်းချပေးလျက် ရှိပါသည်။ GEG ၏ ထုတ်ကုန်များ အား သုံးစွဲသည့် ကြားခံဆက်သွယ်ပေးသူများ နှင့် တိုက်ရိုက်သုံးစွဲသူများအား GEG မှ ထိရောက်သော ပံ့ပိုးမှုများ၊ ဆန်းသစ်သော ထုတ်ကုန်များ၊ တိကျသော အကြံပေးမှုများ၊ မြန်ဆန်သော သတင်းအချက်အလက် ပြန်ကြားမှုများဖြင့် အကောင်းဆုံး ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။ ယခုလတ်တလော အတွင်း ခရီးသွားအာမခံထားသူများ ပိုမိုလွယ်ကူစွာ ၀န်ဆောင်မှုကို ရရှိရန် လက်ကိုင်ဖုန်းမှ တဆင့် အသုံးပြုနိုင်သော TravelSmart Premier mobile app ကို စတင်ဖြန့်ဖြူးခဲ့ပါသည်။ မကြာမီ အချိန်တွင်းမှာ ကျန်ရှိနေသေးသော အာမခံထုတ်ကုန်များအတွက် သက်ဆိုင်သော mobile app များကိုလည်း ထုတ်လုပ်ပြီး GEG အနေဖြင့် သုံးစွဲသူများအား အကောင်းဆုံး ၀န်ဆောင်မှုများ ပေးသွားမှာဖြစ်ပါသည်။


ယုံကြည်အားထားရသော အစုအဖွဲ့ အာမခံ

Great Eastern သည် စင်ကာပူနိုင်ငံ ၏ အစုအဖွဲ့ အာမခံလုပ်ငန်း ထိပ်ဆုံး ၃ခု စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ Great Eastern ၏ အစုအဖွဲ့ အာမခံသည် ၀.၅ သန်း နီးနီးရှိ အလုပ်သမားများနှင့် သူတို့၏ မိသားစုများကို အကာကွယ် ပေးလျက်ရှိပါသည်။

မိမိတို့၏ အစုအဖွဲ့ အာမခံသည် ၀န်ထမ်းရေးရာကျွမ်းကျင်သူများလောကတွင် အကောင်းမွန်ဆုံးနှင့် ယုံကြည်ရဆုံး ထုတ်ကုန် တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပါသည်။ အဖက်ဖက်ကပြည့်စုံအောင် စီမံထားရှိမှုများကြောင့် ၀န်ထမ်းရေးရာ မဂ္ဂဇင်း၏ “HR Vendor of the Year 2015 (Silver winner)” ဆုကို အကောင်းဆုံး အာမခံစနစ်ရောင်းချသူ၊ အကောင်းဆုံး အငြိမ်းစားယူမှု နှင့် ပင်စင်ခံစားခွင့် စီစဉ်နိုင်သူ အနေဖြင့် ရရှိခဲ့ပါသည်။

Great Eastern သည် ပြောင်းလဲတိုးတက်နေသော နည်းပညာများကို အသုံးချပြီး မိမိတို့၏ ထုတ်ကုန်များကို ပိုမိုကောင်းမွန်အောင် အဖက်ဖက်မှ ပြင်ဆင်ထားရှိမှုများဖြင့် မိမိတို့ ၀န်ဆောင်မှုပေးနေသူများ၏ စိတ်ကျေနပ်မှုကို တိုးမြှင့်ပေးလျက်ရှိပါသည်။ အာမခံလျော်ကြေးတောင်းမှုများကို ပိုမိုတိုးတက်လျင်မြန်အောင် အွန်လိုင်းမှတဆင့် ဆောင်ရွက်နိုင်ရန် စီစဉ်ပေးထားပြီး၊ လုံခြုံရေးဆိုင်ရာများကိုလည်း တိုးမြှင့်ထားပါသည်။ သုံးစွဲသူများအနေဖြင့် အချိန်မရွေး၊ နေရာမရွေးမှ လျော်ကြေးကို အွန်လိုင်းမှ တဆင့် တင်ပြနိုင်ပြီး၊ ဘယ်အဆင့်သို့ရောက်ရှိနေပြီလဲ ဆိုသည်များကိုပါ အချိန်နှင့် တပြေးညီ စစ်ဆေးလို့ရရှိနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။ ဖုန်းမှတဆင့် ဆက်သွယ်ရသော app များကို iOS (apple) နှင့် Andriod မည်သည့်စနစ်ဖြင့် မဆို လွယ်ကူစွာ သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး၊ e-medical card၊ ဆက်သွယ်နိုင်သည့် ဆေးခန်းများ၏ တည်နေရာပြခြင်းများအားလည်း ထည့်သွင်းထားပါသည်။

အလုပ်သမားများအား ကျန်းမာ၊ ချမ်းသာ၊ တက်ကြွစွာနေထိုင်နိုင်ရန် အားပေးတိုက်တွန်းလိုသဖြင့် မိမိတို့ ကုမ္ပဏီ၏ “flagship Live Great Corporate Wellness Program” ကို ၂၀၁၂ ခုနှစ်တွင်စတင်ခဲ့ပါသည်။ ထို့အပြင် အလုပ်သမားများအား ၃ပါတ်အတွင်း ကောင်းမွန်စွာနေထိုင်မှုများအား လေ့လာခြင်း၊ အဆင်မပြေသည့်အရာများအား စွန့်ပစ်ခြင်းများကို သင်ယူနိုင်ရန် ၂၁ ရက် mobile app တစ်ခုကိုလည်း ဖြန့်ချီခဲ့ပါသည်။

Back to Top
ကူညီပါရစေ
မြန်မာပြည်တွင်းခေါ်ဆိုရန်
ပြည်ပမှခေါ်ဆိုရန်
အီးမေးလ်
ဝင်ရောက်
ကြည့်ရှုရန်
ကျွန်ုပ်တို့အကြောင်း
Great Eastern Holdings Ltd | The Great Eastern Life Assurance Company Limited | Great Eastern General Insurance Ltd.
Great Eastern Holdings Ltd | The Great Eastern Life Assurance Company Limited | Great Eastern General Insurance Ltd.