သင်၏ နိုင်ငံ နှင့် ဘာသာစကား ကို ရွေးချယ်ပါ
Singapore
Malaysia
Indonesia
Brunei
Myanmar
Takaful
စည်းမျဉ်းစည်းကမ်း နှင့် သဘောတူညီချက်များ
ဝက်ဘ်ဆိုဒ်ကို ကြည့်ရှုရန်နှင့် အသုံးပြုရန် သဘောတူညီချက်များ

ဤဝက်ဘ်ဆိုဒ်ကို အသုံးမပြုမီ သဘောတူညီချက်များကို အရင်ဖတ်ရှုပါ။ ဤဝက်ဘ်ဆိုဒ်ကို အသုံးပြုခြင်းအားဖြင့် အောက်ပါ သဘောတူညီချက်များကို အကန့်အသတ်မရှိ အပြောင်းအလဲမရှိဘဲ လိုက်နာရန် လူကြီးမင်းတွင် တာဝန်ရှိပါသည်။ ဤသဘောတူညီချက်များကို အချိန်အခါအလိုက် ပြောင်းလဲသွားမည်ဖြစ်သည်။

(က)   ငြင်းဆိုချက်

ဤဝက်ဘ်ဆိုဒ်ရှိ သတင်းအချက်အလက်များနှင့် အကြောင်းအရာများကို ကျွန်ုပ်တို့ထံတွင် “ရှိသလို” နှင့် “ရနိုင်သလို” ပေးအပ်သွားမည်ဖြစ်ပြီး The Great Eastern Life Assurance Co. Ltd နှင့်/သို့မဟုတ် ၎င်း၏ မိခင်ကုမ္ပဏီ နှင့်/သို့မဟုတ် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ နှင့်/သို့မဟုတ် ၎င်း၏ မိခင်ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီများ (အားလုံးကိုစုပေါင်း၍ “Great Eastern Group”) အနေဖြင့် ဤဝက်ဘ်ဆိုဒ်မှတဆင့် တင်သည့် သို့မဟုတ် ဝက်ဘ်ဆိုဒ်တွင် ပါဝင်သည့် သတင်းအချက်အလက်များနှင့် အကြောင်းအရာများ၏ မှန်ကန်မှု၊ လုံလောက်မှု၊ ပြည့်စုံမှု သို့မဟုတ် အကျိုးအကြောင်းဆီလျော်မှုနှင့်ပတ်သက်၍ မည်သည့် အာမခံမှုမျိုးကိုမှ မပေးဟု မှတ်ယူရမည်ဖြစ်ပြီး ထို သတင်းအချက်အလက်များနှင့် အကြောင်းအရာများတွင် မည်သည့် အမှားအယွင်းများ၊ မှားယွင်းစွာ ချန်လှပ်မှုများ သို့မဟုတ် သတင်းအချက်အလက်နှင့် အကြောင်းအရာကို ချန်လှပ်ခဲ့ခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းစွာ ငြင်းဆိုပါသည်။ (ပိုင်ဆိုင်မှုကို လွှဲပြောင်းနိုင်မှု၊ ရောင်းချရန် ဝယ်ယူရန် အသင့်ဖြစ်မှု၊ စိတ်ကျေနပ်ဖွယ်ရာ အရည်အသွေးရှိမှု၊ တတိယအဖွဲ့အစည်း၏ ဥာဏမူပိုင်ခွင့်ကို မချိုးဖောက်မှု တို့အပါအဝင် သို့သော် ၎င်းတို့သာမဟုတ်) သွယ်ဝိုက်၍ သို့မဟုတ် ရှင်းလင်းစွာ သို့မဟုတ် တရားဥပဒေအရ မည်သည့် အာမခံအမျိုးအစားကိုမဆို အဆိုပါ သတင်းအချက်အလက်များနှင့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပေးအပ်ထားခြင်း သို့မဟုတ် ယေဘူယျအားဖြင့် ဤဝက်ဘ်ဆိုဒ်တွင် ပေးအပ်ထားခြင်း မရှိပါ။ ဤဝက်ဘ်ဆိုဒ်တွင် ပေးအပ်ထားသည့် သတင်းအချက်အလက်များနှင့် အကြောင်းအရာများကို သတင်းအချက်အလက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ ရည်ရွယ်ပြီး အထဲတွင်ဖော်ပြထားသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကြောင်း အပြည့်အစုံဖော်ပြချက်ဟု မှတ်ယူရမည်မဟုတ်ပါ။ ဤဝက်ဘ်ဆိုဒ်နှင့် ချိတ်ဆက်ထားသည့် ဝက်ဘ်ဆိုဒ်များတွင် ဖော်ပြထားသည့် အရာများ/အကြောင်းအရာများ/သတင်းအချက်အလက်များအတွက် Great Eastern Group မှ မည်သည့် တာဝန်ယူခြင်း သို့မဟုတ် နစ်နာမှုကို တာဝန်ခံခြင်း ရှိမည်မဟုတ်ပါ (ထိုဝက်ဘ်ဆိုဒ်များသည် Great Eastern Group မှ ထိန်းသိမ်းထားခြင်းမဟုတ်ဘဲ Great Eastern Group မှပံ့ပိုးပေးထားခြင်းလည်းမဟုတ်ပါ)။

သတင်းအချက်အလက်များ ကိုယ်လက်လှုပ်ရှားရန်နှင့် အားကစားလုပ်ရန် အကြံပေးချက်များအားလုံး အကန့်အသတ်မရှိဘဲ အပါအဝင်) အကြောင်းအရာများသည် သတင်းအချက်အလက်အတွက်သာ ပေးအပ်ထားခြင်းဖြစ်ပါသည်။ ဆေးဝါးဆိုင်ရာ အကြံဥာဏ် သို့မဟုတ် အခြားသော ကျွမ်းကျင်သူ၏ အကြံဥာဏ် သို့မဟုတ် ကျန်းမာရေး အရ ဆေးဝါးကုသခြင်းဖြစ်သည်ဟု မရည်ညွှန်းပါ၊ ၎င်းတို့ကို အစားထိုးရန်လည်း မဟုတ်ပါ။ (မိခင်ကုမ္ပဏီနှင့် လက်အောက်ခံများနှင့် ပတ်သက်ဆက်နွယ်သူများ အပါအဝင်) ကျွန်ုပ်တို့ Great Eastern သည် အကြောင်းအရာများတွင် ပါဝင်သည့်အရာများ မှန်ကန်စေရန် အားထုတ်လုပ်ဆောင်သော်လည်း အမှားအယွင်းများ၊ ချန်လှပ်မှုများသည် ဖြစ်လာနိုင်ပြီး ၎င်းတို့နှင့်ပတ်သက်၍ မည်သည့် တာဝန်ယူမှုကိုမျှ ကျွန်ုပ်တို့အနေနှင့် လက်မခံပါ။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်ပေါ်တွင်၊ ဆက်သွယ်ရေး လမ်းကြောင်းများနှင့် လူမှု မီဒီယာ (ဥပမာ ဖေ့စ်ဘွတ် စာမျက်နှာများ) တွင် ကျွန်ုပ်တို့မှ ပေးအပ်ထားသည့် တတိယအဖွဲ့အစည်း၏ လင့်ခ်များသည် လူကြီးမင်းအနေဖြင့် လွယ်ကူချောမွေ့စေရန် အတွက် ရည်ရွယ်ပေးအပ်ထားခြင်းဖြစ်ပြီး ၎င်းလင့်များကို ထည့်သွင်းခြင်းကြောင့် ကျွန်ုပ်တို့မှ သဘောတူလက်ခံသည် သို့မဟုတ် ထောက်ခံသည်ဟု အဓိပ္ပါယ်မသက်ရောက်ပါ။ ထိုဆိုက်များတွင် ပါဝင်သည့်အကြောင်းအရာများကို ကျွန်ုပ်တို့အနေဖြင့် မည်သည့်ထိန်းချုပ်မှုမျှ မရှိ၍ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်တာဝန်ယူမှု သို့မဟုတ် နစ်နာမှုကို တာဝန်ခံခြင်း ရှိမည် မဟုတ်ပါ။

ကိုယ်လက်လှုပ်ရှားခြင်းနှင့် အားကစား အမျိုးမျိုးရှိသည်ကို သတိပြုပါ။ အချို့မှာ ပြင်းထန်ပြီး အချို့မှာ ဖြေးဖြေးမှန်မှန် လုပ်ရပါသည်။ ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် လေ့ကျင့်ခန်းတစ်ခုစီတွင် ပြင်းထန်နှုန်းကွာခြားသောကြောင့် သင်ခန္ဓာကိုယ် ကြံခိုင်မှုအဆင့်အတိုင်း ကိုယ်လက်လှုပ်ရှားမှုကို လုပ်ရန် အရေးကြီးပါသည်။ အကြံပေးထားသည့် ကိုယ်လက်လှုပ်ရှားမှုများကို ထပ်မံလုပ်ရန် မလုပ်ရန် မသေချာပါက လူကြီးမင်း၏ ဆရာဝန် သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်ကုသရာတွင် ကျွမ်းကျင်သည့် သူတစ်ဦးကိုမေးမြန်းပြီးမှ ကြံ့ခိုင်ရေး အစီအစဉ်ကို စတင်ပါ သို့မဟုတ် ပြောင်းလဲပါ။ ထိုမှသာ ထိုအစီအစဉ်သည် သင့်လိုအပ်ချက်နှင့် သင့်လျော်မှု ရှိမရှိကို သိနိုင်မည်ဖြစ်သည်။ အထူးသဖြင့် လူကြီးမင်းသည် ကိုယ်ဝန်ဆောင်သည်ဖြစ်လျှင် သို့မဟုတ် အောက်ပါ တို့မှ တစ်ခုခုရှိထားလျှင် မိမိ၏ လိုအပ်ချက်များကို ပိုမိုသိရှိရန် လိုအပ်မည်။

  • သွေးတိုးခြင်း (သင် သို့မဟုတ် သင့် မိသားစု)
  • နှလုံးရောဂါ (သင် သို့မဟုတ် သင့် မိသားစု)
  • လေ့ကျင့်ခန်းလုပ်သည့်အခါ ရင်ဘတ်နာခြင်း
  • လွန်ခဲ့သောလတွင် ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ရင်ဘက်နာခြင်း
  • ဆေးလိပ်သောက်ခြင်း
  • သွေးထဲတွင် ကိုလက်စထရော အများအပြားရှိခြင်း 
  • အဝလွန်ခြင်း 
  • ကိုယ်လက်လှုပ်ရှားမှုကို ပြောင်းလဲလိုက်သောကြောင့် ပိုဆိုးလာနိုင်သည့် အရိုး သို့မဟုတ် အဆစ် ပြဿနာ

ထို့အပြင် ကိုယ်လက်လှုပ်ရှား သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးနောက် မည်သည့်အချိန်တွင်မဆို နေမကောင်းသလို ခံစားလာရပါက သို့မဟုတ် မသက်မသာဖြစ်လာပါက သို့မဟုတ် မူးမော်ခြင်း၊ ခေါင်းမူးခြင်း၊ နာကျင်ခြင်း သို့မဟုတ် အသက်ရှုမဝခြင်းကို စတင်ခံစားလာရသည်ဆိုပါက ချက်ချင်းရပ်ပြီး လူကြီးမင်းကို ကျန်းမာရေး စောင့်ရှောက်ကုသပေးသူထံမှ အကြံဥာဏ်တောင်းခံပါ။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်၊ ဆက်သွယ်ရေး လမ်းကြောင်းများနှင့် လူမှု မီဒီယာ (ဥပမာ ဖေ့စ်ဘွတ်စာမျက်နှာများ) ပေါ်တွင် တစ်ခုခုကို ဖတ်ရသောကြောင့် ကျန်းမာရေးစောင့်ရှောက်သည့် ကျွမ်းကျင်သူများထံမှ ဆေးဝါးနှင့် ပတ်သက်သည့် သို့မဟုတ် ကျန်းမာရေးနှင့်ပတ်သက်သည့် အကြံဥာဏ်ကို မပစ်ပယ်၊ ရှောင်ရှားခြင်း သို့မဟုတ် နောက်မှလုပ်ခြင်း မလုပ်ပါနှင့်။ ကျွန်ုပ်တို့ပေးအပ်သည့် သတင်းအချက်အလက်များအပေါ်တွင် သက်ရောက်မှုရှိနိုင်သည့် လက်ရှိ ကျန်းမာရေးနှင့် ကြံခိုင်ရေး သုတေသနရှိနေကောင်း ရှိနေနိုင်ပြီး မည်သည့်အကြံဥာဏ်သည်မဆို နောက်ဆုံးပေါ် တွေ့ရှိမှုများ သို့မဟုတ် လေ့လာမှုများတွင် အခြေခံထားခြင်း ဟုတ်ချင်မှ ဟုတ်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့မှ ပေးအပ်သော မည်သည့်သတင်းအချက်အလက်များကို မဆို အသုံးပြုပါက လူကြီးမင်း၏ တာဝန်သာဖြစ်သည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်စာမျက်နှာများ၊ ဆက်သွယ်ရေး လမ်းကြောင်းများနှင့် လူမှုမီဒီယာ (ဥပမာ ဖေ့စ်ဘွတ်စာမျက်နှာများကဲ့သို့) မည်သည့်နေရာတွင်မဆို လူကြီးမင်းထံ ပေးအပ်ထားသည့် သို့မဟုတ် လူကြီးမင်းနှင့် မျှဝေထားသည့် သတင်းအချက်အလက်များကိုဖတ်ရှုလေ့လာ၍ ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် လေ့ကျင့်ခန်းတွင် ပါဝင်ခြင်း သို့မဟုတ် လိုက်လံလုပ်ဆောင်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်းများ နှင့်/သို့မဟုတ် ပျက်စီးမှုများအတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိမည် မဟုတ်ပါ။

(ခ) တားမြစ်ချက်များ

ဤဝက်ဘ်ဆိုဒ်တွင်ရှိသည့် အကြောင်းအရာများနှင့် သတင်းအချက်အလက်များကို Great Eastern Group မှ ပိုင်ဆိုင်ပြီး မည်သည့်ပုံစံဖြင့်မဆို တင်ခြင်း၊ ကော်ပီကူးခြင်း၊ ဖြန့်ဝေခြင်း၊ ရုပ်ပုံဗီဒီယိုများကို ပြန်တင်ခြင်း သို့မဟုတ် ပြန်လည်ထုတ်လုပ်ခြင်း မလုပ်ရ။ ဤဝက်ဘ်ဆိုဒ်သို့ သို့မဟုတ် အခြားသော ဝက်ဘက်ဆိုင်များတွင် တစ်စိတ်တစ်ပိုင်းသို့ hyperlink ထည့်ခြင်း သို့မဟုတ် ဤဝက်ဘ်ဆိုဒ်၊ ဤဝက်ဘ်ဆိုဒ်ရှိ မည်သည့်အစိတ်အပိုင်း သို့မဟုတ် မည်သည့် သတင်းအချက်အလက် သို့မဟုတ် အကြောင်းအရာများကိုမဆို သို့မဟုတ် အခြား မည်သည့် ဆာဗာ သို့မဟုတ် ဝက်ဘ်ဆိုဒ်ကိုမဆို “mirror” လုပ်ခြင်း သို့မဟုတ်  “frame” လုပ်ခြင်း မပြုလုပ်ရပါ။

(ဂ) ဥာဏပိုင်ဆိုင်မှု 

ဤဝက်ဘ်ဆိုဒ်ပေါ်ရှိ ဝန်ဆောင်မှု ဖြစ်စေ ကုန်အမှတ်တံဆိပ် ဖြစ်စေ လိုဂိုဖြစ်စေ အမှတ်အသားအားလုံးကို Great Eastern Group မှပိုင်ဆိုင်ပြီး တစ်ဦးတည်ပိုင်ရှင်ဖြစ်သည်။ ၎င်းတို့ကို ထုတ်ဝေခြင်း၊ ပေးပို့ခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ သရုပ်ဆောင်ခြင်း၊ ပြသခြင်း၊ မှီငြမ်းခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ထုတ်လွှင့်ခြင်း၊ သိုလှောင်ခြင်း၊ ပြောင်းလဲခြင်း၊ hyperlink ထားခြင်း သို့မဟုတ် အခြားနည်းဖြင့် တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို မည်သည့်ပုံစံနှင့်မဆို Great Eastern Group ထံမှ ရှင်းလင်းစွာ ကြိုတင်ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းကို မပြုလုပ်ရ။ ဤဝက်ဘ်ဆိုဒ်ရှိ မည်သည့် ဓာတ်ပုံများ သို့မဟုတ် ရုပ်ပုံများ သို့မဟုတ် ရုပ်သံ အကြောင်းအရာများ သို့မဟုတ် ဗီဒီယို အကြောင်းအရာများသည် Great Eastern Group မှ ပိုင်ဆိုင်သည်များသာဖြစ်ပြီး ဤဓာတ်ပုံများ သို့မဟုတ် ရုပ်ပုံများ သို့မဟုတ် ရုပ်သံ အကြောင်းအရာများ သို့မဟုတ် ဗီဒီယို အကြောင်းအရာများသည် ပိုင်ရှင်များ၏ ခွင့်ပြုချက်ဖြင့် Great Eastern Group မှ ပြသထားခြင်းဖြစ်သည်။ ဤဓာတ်ပုံများ သို့မဟုတ် ရုပ်ပုံများ သို့မဟုတ် ရုပ်သံ အကြောင်းအရာများ သို့မဟုတ် ဗီဒီယို အကြောင်းအရာများကို အသုံးပြုခြင်းကို တင်းကျပ်စွာ တားမြစ်သည်။

(ဃ) နစ်နာမှုကို တာဝန်ခံရာတွင် ကန့်သတ်ခြင်း

ဤဝက်ဘ်ဆိုဒ်ပေါ်ရှိ သတင်းအချက်အလက်များ သို့မဟုတ် အကြောင်းအရာများ၏ တိကျမှုနှင့် မှန်ကန်မှုနှင့် ပတ်သက်၍ Great Eastern Group မှ မည်သည့် အာမခံမျိုးကိုမျှ ပေးထားသည်ဟု မှတ်ယူခြင်းမရှိစေဘဲ မည်သည့်နေရာမှဖြစ်စေ ဝက်ဘ်ဆိုဒ်ကိုအသုံးပြုသည့် တတိယအဖွဲ့အစည်းကို ဝက်ဘ်ဆိုဒ်ပေါ်ရှိ သတင်းအချက်အလက် သို့မဟုတ် အကြောင်းအရာများကို အသုံးပြုခြင်း သို့မဟုတ် ဝက်ဘ်ဆိုဒ်ကို ကြည့်ရှု၍ မရခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မည်သည့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် သို့မဟုတ် နောက်ဆက်တွဲ ပျက်စီးမှုများအတွက် သို့မဟုတ် Great Eastern Group သို့မဟုတ် Great Eastern Group မှ ကိုယ်စားလှယ်တစ်ဦးကို အဆိုပါ ပျက်စီးမှုများကြောင့် ကုန်ကျလာနိုင်သည့် ဖြစ်ပေါ်လာနိုင်မှုကို အကြောင်းကြားပါက ဝက်ဘ်ဆိုဒ်ပေါ်ရှိ ပေးအပ်ထားသည့် အဆိုပါ သတင်းအချက်အလက်များ သို့မဟုတ် အကြောင်းအရာများအပေါ်တွင် မှီခိုမှုအတွက် Great Eastern Group သည် နစ်နာမှုကို တာဝန်ခံမည်မဟုတ်ပါ။

ထို့အတူ ဤဝက်ဘ်ဆိုဒ်မှ သို့မဟုတ် ဤဝက်ဘ်ဆိုဒ်ကို ကြည့်ရှုအသုံးပြုမှုမှ မည်သည့် အကြောင်းအရာများ၊ ရုပ်ပုံများ သို့မဟုတ် ဒေတာများကို ဒေါင်းလုတ်ပြုလုပ်လိုက်သည့် အကျိုးဆက်အဖြစ် မည်သည့် ကွန်ပြူတာ သို့မဟုတ် အင်တာနက် အသုံးပြုသည့် စက်တွင်မဆို ဒေါင်းလုတ်နှင့်ပါလာသည့် မည်သည့် ကွန်ပြူတာ ဗိုင်းရပ်များကြောင့် ခံစားရသည့် မည်သည့် ပျက်စီးမှုများအတွက်မဆို တာဝန်ခံမည်မဟုတ်ပါ။

(င) ဥပဒေနှင့် တရားစီရင်ခြင်းတွင် ရွေးချယ်ခြင်း

ဤသဘောတူညီချက်များကို စင်င်္ကာပူ ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေများအောက်တွင် ရှိနေမည်ဖြစ်ပြီး နှစ်ဖက်ပါဝင်ကြသူများမှ စင်င်္ကာပူ ပြည်သူ့သမ္မတနိုင်ငံရှိ တရားရုံးများတွင်၏ တရားစီရင်မှုကိုသာ သီးသန့် ခံယူမည်ဟု သဘောတူပါသည်။

Back to Top
ကူညီပါရစေ
မြန်မာပြည်တွင်းခေါ်ဆိုရန်
ပြည်ပမှခေါ်ဆိုရန်
အီးမေးလ်
ဝင်ရောက်
ကြည့်ရှုရန်
ကျွန်ုပ်တို့အကြောင်း
Great Eastern Holdings Ltd | The Great Eastern Life Assurance Company Limited | Great Eastern General Insurance Ltd.
Great Eastern Holdings Ltd | The Great Eastern Life Assurance Company Limited | Great Eastern General Insurance Ltd.