သင်၏ နိုင်ငံ နှင့် ဘာသာစကား ကို ရွေးချယ်ပါ
Singapore
Malaysia
Indonesia
Brunei
Myanmar
Takaful

လူအများစုကိုဆွဲဆောင်နိုင်ခြင်း

အသက်အာမခံကုမ္ပဏီတစ်ခုအနေုဖြင့် Great Eastern သည် ကျွန်ုပ်တို့ လုပ်ဆောင်နေသော  ပါတ်ဝန်းကျင်ရှိ လူအဖွဲ့အစည်းအား အကျိုးပြုနိုင်သော အဖွဲ့အစည်းတစ်ခု ဖြစ်စေရန် သန္နိဌါန်​ ချမှတ်ထားပါသည်။ လူတိုင်း ကျန်းမာ ချမ်းသာစွာနေထိုင်နိုင်ရေးဟူသော ကျွန်ုပ်တို့၏ ကြွေးကြော်ချက်အတိုင်း ကျွန်ုပ်တို့ အဖွဲ့အစည်းသည် ကော်ပိုရေးရှင်း ပရဟိတ တာဝန်ယူမှုတွင် ကျွန်ုပ်တို့၏ လုံလ၀ီရိယများ ကို ပိုမို အားစိုက်ထားပါသည်။ ကျွန်ုပ်တို့ဝန်ထမ်းများနှင့် ကျွန်ုပ်တို့၏ အကျိုးတူအဖွဲ့စည်းများမှ သူတို့ရဲ့အချိန်တွေ သူတို့ရဲ့အတွေ့ အကြုံတွေကို အသုံးချပြီး စေတနာဝန်ထမ်း လုပ်ငန်းများအား မဖွံ့ဖြိုးသေးသော နေရာများတွင် ရံပုံငွေများမတည်ပြီး  ပုံမှန် ကူညီ လုပ်ဆောင်သွား မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံရေလွှမ်းမိုးမှုတွင် အကူအညီလိုအပ်နေသူများအားလှူဒါန်းခြင်း

၂၀၁၅ သြဂုတ်လတွင် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက်မှ တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် ရေလွှမ်းမိုးမှုဒဏ်ခံစားနေရသဖြင့် Myanmar’s Insurance Business Regulatory Board မှ ဦးဆောင်မှုဖြင့် အကူအညီလိုအပ်နေသူ လူတစ်သန်းကျော်အတွက် Great Eastern မှ US ဒေါ်လာ ၁၀၀၀၀ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

စက်တင်ဘာလတွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သော အခမ်းအနားတွင် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်းမှ Great Eastern အပါအဝင် လှူဒါန်းသူများအားလုံးကို ဂုဏ်ပြုကျေးဇူးတင်လွှာပေးအပ်ခဲ့ပါသည်။

 

ရန်ကုန်မြို့ တွင် Great Eastern မြန်မာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်း

Great Eastern ၏ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးအား ၂၀၁၄ခုနှစ် မတ်လ (၈)ရက်နေ့တွင် ရန်ကုန်မြို့ ၌ ဖွင့်လှစ်ခဲ့ပါသည်။ အထူးဧည့်သည်တော် ဒေါက်တာ ဦးမောင်မောင်သိမ်း ( ဥက္ကဋ္ဌ - အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့၊ ဒုတိယ၀န်ကြီး - ဘဏ္ဍာရေးဝန်ကြီးဌာန) မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ မြန်မာ့အာမခံ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း၊ အထွေထွေ မန်နေဂျာ ဦးစိန်မင်းတို့မှလည်း ဖွင့်ပွဲအား တက်ရောက်ချီးမြှင့်ပေးခဲ့ပါသည်။ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပခဲ့သော ဖွင့်ပွဲအခမ်းအနားသို့ စင်ကာပူသံရုံး မှ သံအမတ်ကြီး HE Mr Robert Chua အပါအ၀င် ဂုဏ်သရေရှိ ဧည့်သည်တော် (၁၂၀) ခန့် တက်ရောက် ချီးမြင့်ခဲ့ပြီး  Great Eastern မှ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနား အပြီးတွင် ဒေါက်တာ ဦးမောင်မောင်သိမ်း၊ ဦးအေးမင်းသိန်း၊ ဦးစိန်မင်း နှင့် မြန်မာ့အာမခံမှ  အရာရှိများသည် Great Eastern ၏ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး တည်ရှိရာ Union Business Centre သို့ လာရောက် လည်ပါတ် ကြည့်ရှုလေ့လာခဲ့ပါသည်။  Mr. Andrew Lee, Chief Representative (မြန်မာ ကိုယ်စားလှယ်ရုံး တာဝန်ခံ)/ Group Chief Marketing and Distribution Officer (Great Eastern စင်ကာပူ ရုံးချုပ်) မှ ဂုဏ်သရေရှိ ဧည့်သည်တော်များအား နွေးထွေးစွာ ကြိုဆို ဧည့်ခံခဲ့ပါသည်။

Great Eastern ၏ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ဇီဝိတဒါန သံဃာ ဆေးရုံသို့ မျက်စိစမ်းသပ်ရာတွင် အသုံးပြုသော စက်အားလည်း လှူဒါန်းခဲ့ပါသည်။ 

Back to Top
ကူညီပါရစေ
မြန်မာပြည်တွင်းခေါ်ဆိုရန်
ပြည်ပမှခေါ်ဆိုရန်
အီးမေးလ်
ဝင်ရောက်
ကြည့်ရှုရန်
ကျွန်ုပ်တို့အကြောင်း
Great Eastern Holdings Ltd | The Great Eastern Life Assurance Company Limited | Great Eastern General Insurance Ltd.
Great Eastern Holdings Ltd | The Great Eastern Life Assurance Company Limited | Great Eastern General Insurance Ltd.