သင်၏ နိုင်ငံ နှင့် ဘာသာစကား ကို ရွေးချယ်ပါ
Singapore
Malaysia
Indonesia
Brunei
Myanmar
Takaful

သာမန် အများပြည်သူ

ကိုယ်ရေးကိုယ်တာ ထိန်းသိမ်းရေး ကြေညာချက် (သာမန်အများပြည်သူအတွက်)

သင်၏ကိုယ်ရေးကိုယ်တာကို ထိန်းသိမ်းရေးသည် ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ ဤစာ (“ကိုယ်ရေးကိုယ်တာ ထိန်းသိမ်းခြင်း”)၏ ရည်ရွယ်ချက်မှာ Great Eastern ကုမ္ပဏီများ အုပ်စုသည် (အောက်တွင်ဖော်ပြထားသည့်အတိုင်း) ကိုယ်ရေးအချက်အလက်များကို မည်သို့ စီမံခန့်ခွဲကြောင်း လူကြီးမင်း သိရှိစေရန်ဖြစ်ပါသည်။ ထိုကိုယ်ရေးအချက်အလက်များသည် စင်င်္ကာပူ ပုဂ္ဂိုလ်ရေးအချက်အလက်များ ကာကွယ်ရေး အက်ဥပဒေ (အမှတ် ၂၆၊ ၂၀၁၂) (အက်ဥပဒေ) အပေါ်တွင် မူတည်ပါသည်။ ဤကိုယ်ရေးကိုယ်တာ ထိန်းသိမ်းရေး ကြေညာချက်ကို အချိန်အနည်းငယ်ယူ၍ ဖတ်ပါ။ ထိုမှသာ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ ကောက်ယူ၊ အသုံးပြု၊ ပေးအပ်သည့် ရည်ရွယ်ချက်များကို သိရှိ သဘောပေါက်မည်ဖြစ်သည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ခြင်း၊ သတင်းအချက်အလက်ပေး ပေးအပ်ခြင်း၊ ကျွန်ုပ်တို့မှ ပေးအပ်သည့် မည်သည့် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများအတွက် နာမည်ပေးခြင်း သို့မဟုတ် စာရင်းပေးခြင်းဖြင့် (The Great Eastern Life Assurance Company Limited, The Overseas Assurance Corporation Limited and Great Eastern Financial Advisers Private Limited နှင့် ၎င်းတို့ သက်ဆိုင်ရာ ကော်ပိုရေးရှင်းများ အပါအဝင်) Great Eastern ကုမ္ပဏီများအုပ်စု (စုပေါင်း၍ “ကုမ္ပဏီများ”ဟုခေါ်မည်) နှင့် ၎င်းတို့၏ သက်ဆိုင်ရာ ကိုယ်စားလှယ်များ နှင့်/သို့မဟုတ် အေးဂျင့်များ (“ကိုယ်စားလှယ်များ”) (စုပေါင်း၍ “Great Eastern”၊ “ကျွန်ုပ်တို့”၊ “ကျွန်ုပ်တို့၏” ဟု ဤနေရာတွင် ရည်ညွှန်းမည်) ထံသို့ ၎င်းတို့အကြားတွင် သင်၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူခြင်း၊ အသုံးပြုခြင်း၊ ပေးအပ်ခြင်းနှင့် မျှဝေခြင်းလုပ်ရန်နှင့် အဆိုပါ ကိုယ်ရေးအချက်အလက်များကို ကုမ္ပဏီ၏ ခွင့်ပြုချက်ရထားသည့် ဝန်ဆောင်မှု ပေးအပ်သူများနှင့် သက်ဆိုင်ရာ တတိယအဖွဲ့အစည်းများထံသို့ ကိုယ်ရေးကိုယ်တာ ထိန်းသိမ်းရေး ကြေညာချက်တွင် ဖော်ပြထားသည့် ပုံစံအတိုင်း ပေးအပ်မည်ဖြစ်သည်။

လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များနှင့်ပတ်သက်၍ Great Eastern သို့ယခင်ကပေးအပ်ထားသည့် မည်သည့် သဘောတူညီမှုများကိုမဆို ဤကိုယ်ရေးကိုယ်တာ ထိန်းသိမ်းရေး ကြေညာချက်မှ ဖြည့်တင်းပေးမည်ဖြစ်ပြီး ထိုသဘောတူညီချက်များကို ဤကိုယ်ရေးကိုယ်တာ ထိန်းသိမ်းရေး ကြေညာချက်ဖြင့် အစားထိုးခြင်းမဟုတ်ပါ။ သင်၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူရန် အသုံးပြုရန် သို့မဟုတ် ပေးအပ်ရန် ဥပဒေအရ မည်သည့် ကုမ္ပဏီတွင်မဆို ရှိသည့် လုပ်ပိုင်ခွင့်များအပြင် ဤသဘောတူညီချက်များကို ထားခြင်းဖြစ်သည်။

ဤကိုယ်ရေးကိုယ်တာ ထိန်းသိမ်းရေး ကြေညာချက်သည် ကျွန်ုပ်တို့၏ အနာဂတ် လုပ်ငန်းဖော်ဆောင်မှုများ၊ လုပ်ငန်းဦးတည်ရာများ နှင့်/သို့မဟုတ် ဥပဒေ သို့မဟုတ် စည်းမျဉ်းဆိုင်ရာ ပြဌာန်းချက်များတွင် အပြောင်းအလဲများနှင့် ကိုက်ညီစေရန် ဤကိုယ်ရေးကိုယ်တာ ထိန်းသိမ်းရေး ကြေညာချက်ကို အချိန်အခါအလိုက် အချိန်နှင့်တစ်ပြေးညီဖြစ်စေရန် ပြင်ဆင်သတ်မှတ်မည်ဖြစ်သည်။ ဥပအေရ သင်၏ရပိုင်ခွင့်များ အပေါ်တွင်မူတည်၍ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ် http://www.greateasternlife.com/sg/en/pncpolicies.htm တွင် အချိန်အခါအလိုက် ပြင်ဆင်သတ်မှတ်သည့်အတိုင်း ဤကိုယ်ရေးကိုယ်တာ ထိန်းသိမ်းရေး ကြေညာချက်တွင် ပါဝင်သော စည်းကမ်းချက်များအတိုင်း လိုက်နာပါမည်ဟု လူကြီးမင်းမှ သဘောတူပါသည်။ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်၍ အသစ်ထည့်သွင်းသော သတင်းအချက်အလက်များကို ပုံမှန် စစ်ဆေးပါ။


၁။ ကိုယ်ရေးအချက်အလက်များ

ဤကိုယ်ရေးကိုယ်တာ ထိန်းသိမ်းရေး ကြေညာချက်တွင် “ကိုယ်ရေးအချက်အလက်များ” ဆိုသည်မှာ (က) ထိုကိုယ်ရေးအချက်အလက်မှ သို့မဟုတ် (ခ) အဖွဲ့အစည်းတွင်ရှိသည့် သို့မဟုတ် အဖွဲ့အစည်းမှ ကြည့်ရှုနိုင်သည့် ထိုအချက်အလက်နှင့် အခြားသော သတင်းအချက်အလက်များမှတစ်ဆင့် မည်သူမည်ဝါဟူ၍ သိနိုင်သည့် လူတစ်ယောက်အကြောင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကောက်ယူထားသော မည်သည့် သတင်းအချက်အလက်များကို မဆို ဆိုလိုသည်။ လူကြီးမင်းမှ ကျွန်ုပ်တို့ကို ပေးအပ်မည့် အဆိုပါ ကိုယ်ရေးအချက်အလက်များတွင် ဥပမာအားဖြင့် (ကျွန်ုပ်တို့နှင့် ဆက်ဆံသည့်အခြေအနေအပေါ်တွင် မူတည်၍) လူကြီးမင်း၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ ပတ်စ်ပို့ သို့မဟုတ် အခြား မည်သူမည်ဝါဖြစ်သည်ဟူသော အထောက်အထားနံပါတ်၊ တယ်လီဖုန်းနံပါတ်များ၊ နေရပ်လိပ်စာ၊ အီးမေးလ်လိပ်စာနှင့် လူကြီးမင်းမှ ကျွန်ုပ်တို့ထံသို့ တင်သွင်းမည့် ပုံစံတွင် သို့မဟုတ် ကျွန်ုပ်တို့နှင့် ပြောဆိုဆက်ဆံသည့် ပုံစံများမှတစ်ဆင့်ပေးအပ်မည့် မည်သည့် လူပုဂ္ဂိုလ်များနှင့် သက်ဆိုင်သည့် အခြားသော သတင်းအချက်အလက်များ ပါဝင်သည်။

၂။ ကိုယ်ရေးအချက်အလက်များကို စုဆောင်းခြင်း

၂.၁ ယေဘူယျအားဖြင့် အောက်ပါနည်းလမ်းများအတိုင်း        ကိုယ်ရေးအချက်အလက်များကို ကောက်ယူပါသည်။

၁။ ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ နှင့်သက်ဆိုင်သည့်  အဆိုပြုချက် ပုံစံ သို့မဟုတ် အခြားပုံစံများကို တင်သွင်းသည့်အခါ

၂။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သုံးသောအခါ သို့မဟုတ်  ကျွန်ုပ်တို့နှင့် ဆက်ဆံစဉ် အရောင်းအဝယ်လုပ်စဉ် ပတ်သက်သည့် စာရွက်စာတမ်းများ သို့မဟုတ် သတင်းအချက်အလက်များကို လူကြီးမင်းမှ ပေးအပ်သည့်အခါ သို့မဟုတ် လူကြီးမင်းနှင့် သဘောတူညီချက်တစ်ခုကို လက်ခံသောအခါ 

၃။ စားသုံးသူ ဝန်ဆောင်မှု အရာရှိများနှင့် တယ်လီဖုန်းခေါ်ဆိုခြင်းကဲ့သို့ (တယ်လီဖုန်းခေါ်ခြင်းကို အသံသွင်းထားနိုင်သည်) စာပို့ခြင်း၊ ဖက်စ်၊ မျက်နှာချင်းဆိုင် တွေ့ဆုံခြင်းနှင့် အီးမေးလ်ကဲ့သို့ ပြောဆိုဆက်ဆံသည့်အခါ

၎။ မည်သည့် အွန်လိုင်းအကောင့်ကိုမဆို ဖွင့်သည့်အခါ အပါအဝင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများဖြစ်သော ဝက်ဘ်ဆိုဒ်များနှင့် app အချို့ကို လူကြီးမင်း အသုံးပြုသည့်အခါ

၅။ အာမခံထားသူတစ်ဦးမှ လူကြီးမင်းအကျိုးအတွက် အာမခံ မူဝါဒတစ်ခုကို တင်သွင်းပါက သို့မဟုတ် အသက်အာမခံအတွက် ရွေးချယ်ပါက

၆။ ကျွန်ုပ်တို့မှ လူကြီးမင်းကို ဆက်သွယ်ရန် အီးမေးလ် သို့မဟုတ် အခြားသော စာပို့မည့် စာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆိုသောအခါ သို့မဟုတ် ထပ်ဆောင်း ကိုယ်ရေးအချက်အလက်များ၊ အရောင်းမြှင့်တင်ရေးပွဲများနှင့် အခြားသော ပွဲများကြောင့် ကျွန်ုပ်တို့၏ တောင်းဆိုမှုကို လူကြီးမင်းမှ ပြန်လည်ဖြေကြားသောအခါ

၇။ ကျွန်ုပ်တို့၏ အရောင်းမြှင့်တင်ရေး ကိုယ်စားလှယ်များနှင့် အေးဂျင့်များမှ လူကြီးမင်းကို ဆက်သွယ်၍ လူကြီးမင်းမှ ဖြေကြားသည့်အခါ

၈။ အလုပ်လျှောက်လွှာကို ပေးပို့သည့်အခါ

၉။ ကျွန်ုပ်တို့၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များနှင့် တတိယအဖွဲ့အစည်းများထံမှ ရည်ညွှန်းချက်များကို လက်ခံရရှိသည့်အခါ ဥပမာ သင့်ကို ၎င်းတို့မှ ထောက်ခံလိုက်သည့်အခါ

၁၀။ ကျွန်ုပ်တို့မှ ဦးစီးကျင်းပသည့် ပွဲများသို့ သင်တက်လာသောအခါ ကျွန်ုပ်တို့မှ သို့မဟုတ် ကျွန်ုပ်တို့၏ ကိုယ်စားလှယ်များမှ 
ရိုက်သည့် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများ သို့မဟုတ် ကျွန်ုပ်တို့၏ ဥပစာအတွင်း ရှိနေစဉ် ကျွန်ုပ်တို့မှ CCTV ကင်မရာများမှ သင်၏ပုံရိပ်များကို မှတ်တမ်းတင်ထားသောအခါ

၁၁။ လူကြီးမင်း၏ မူဝါဒ၊ မူဝါဒလျှောက်လွှာများ၊ အာမခံလျော်ကြေး တောင်းဆိုမှုများ သို့မဟုတ် အလုပ်လျှောက်လွှာများနှင့်စပ်လျဉ်း၍ တတိယအဖွဲ့အစည်းများထံမှ ဥပမာအားဖြင့် အခြားသော အာမခံ ကုမ္ပဏီများ၊ အာမခံ အဖွဲ့အစည်းများ၊ ဆေးရုံများ၊ ဆေခန်းများ၊ မော်တာကား ပြင်ဆင်သည့် ဆိုင်များ၊ လူကြီးမင်း၏ အလုပ်ရှင်ဟောင်းနှင့် သက်ဆိုင်သော အာဏာပိုင်များထံမှ သတင်းအချက်အလက်များကို ရှာဖွေ ရယူမည်ဖြစ်သည်

၁၂။ မည်သည့်အကြောင်းပြချက်အတွက်မဆို သင်၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ထံသို့ ပေးအပ်သည့်အခါ

၂.၂ ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်ကို လူကြီးမင်း ကြည့်ရှုသောအခါ ပုံမှန်အားဖြင့် မည်သူမည်ဝါဟု မဖော်ပြဘဲ ကြည့်ရှုလေ့ရှိသည်။ သို့သော် cookies အကြောင်းပြောထားသော အောက်ပါ အပိုဒ်ကို ဖတ်ရှုပါ။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်တွင် သင်၏ အီးမေးလ် လိပ်စာ အပါအဝင် ကိုယ်ရေးအချက်အလက်များကို လူကြီးမင်း၏ အကောင့် အထောက်အထားများဖြင့် login ဝင်ခြင်း သို့မဟုတ် အဆိုပါ အချက်အလက်များကို ပေးခြင်းမဟုတ်ဘဲ အလိုအလျောက် မကောက်ခံပါ။

၂.၃ တတိယအဖွဲ့အစည်းတစ်ခုမှ (တတိယအဖွဲ့အစည်း ဆိုသည်မှာ ဥပမာ လူကြီးမင်း၏ ဇနီးခင်ပွန်း၊ ကလေးများ၊ မိဘများ နှင့်/သို့မဟုတ် အလုပ်သမားများ၏ အကြောင်း အချက်အလက်များ)  တစ်ဦးဦးကို လူကြီမင်း၏ အမွေခံအဖြစ် သတ်မှတ်ခြင်း (သို့) အသက်အာမခံထားရှိ ပေးလိုခြင်းအား လူကြီးမှ ပြုလုပ်ပေးလိုခြင်း (သို့) ကျွန်ုပ်တို့၏ ထုတ်ကုန်များ (သို့) ၀န်ဆောင်မှုများကို ထိုသူတို့အား သုံးစွဲရန်ညွန်းပေး လိုသဖြင့် လူကြီးမင်းမှ ထိုသူတို့၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ထံသို့ ပေးအပ်လိုက်ခြင်းဖြင့် သက်ဆိုင်ရာ ရည်ရွယ်ချက်အတွက် ထိုသူတို့၏ သတင်းအချက်အလက်များ သုံးစွဲခြင်းကို  တတိယအဖွဲ့အစည်းမှ သဘောတူပါသည်ဟု လူကြီးမင်းမှ ကျွန်ုပ်တို့ကို ကတိခံပြီးသားဖြစ်သည်။

၃။ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို စုဆောင်းခြင်း၊ အသုံးချခြင်းနှင့် ပေးပို့ခြင်း

၃.၁ ယေဘူယျအားဖြင့် Great Eastern သည် အောက်ပါရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကောက်ခံ၊ အသုံးပြု၊ ပေးပို့ပါသည်။

၁။  လူကြီးမင်း၏ စုံစမ်းမှုများ၊ စောဒကတက်မှုများ၊ တုံ့ပြန်ချက်နှင့် တောင်းဆိုချက်များကို ကိုင်တွယ်ခြင်း၊ လုပ်ဆောင်ခြင်း၊ ပြန်လည်ဖြေကြားခြင်း

၂။  ကုမ္ပဏီများ၏ အုပ်ချုပ်ရေးနှင့် စီးပွားရေး လုပ်ငန်းများကို စီမံခန့်ခွဲခြင်း၊ အတွင်းပိုင်း မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း

၃။ ကုမ္ပဏီများထဲမှ မည်သည့်တစ်ခုမဆို ပါဝင်သည့် (ကုမ္ပဏီများပေါင်းလိုက်ခြင်း၊ အခြားကုမ္ပဏီကို ရယူခြင်း သို့မဟုတ် ပိုင်ဆိုင်မှုရောင်းချခြင်းအထိ ပါဝင်မည်) စီးပွားရေးပိုင်ဆိုင်မှု ရောင်းဝယ်ခြင်းများကို ကြားညှိဆောင်ရွက်ခြင်း

၎။ ဤတွင် စာရင်းပြုစုထားသည့် ရည်ရွယ်ချက်များအတွက် လူကြီးမင်းနှင့် သက်ဆိုင်သည့် မည်သည့် ကိုယ်ရေးအချက်အလက်များကိုမဆို တိုက်ဆိုင်စစ်ဆေးခြင်း

၅။ သဘောထားတောင်းခံခြင်း သို့မဟုတ် စစ်တမ်းတွင် ပါဝင်ခြင်းနှင့် ဈေးကွက် သုတေသန လုပ်ဆောင်ခြင်း

၆။ စာရင်းဇယား၊ ကိုယ်ရေးအကျဉ်းပြုခြင်း၊ ထုတ်ကုန် သုတေသန၊ ဒီဇိုင်းနှင့် ထုတ်လုပ်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် ကြိုက်နှစ်သက်မှုများကို နားလည်ခြင်း၊ ဈေးကွက် ရေစီးကြောင်းများနှင့် တောင်းဆိုမှုများကို သုံးသပ်ခြင်းနှင့် ကုမ္ပဏီ၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးနှင့် စရိုက်လက္ခဏာများကို တိုးမြှင့်ခြင်းအတွက် အချိန်အခါအလိုက် ကုမ္ပဏီများမှ ကိုယ်ရေးအချက်အလက်များကို စိစစ်သုံးသပ်ခြင်း နှင့်/သို့မဟုတ် ပေါင်းစည်းခြင်း

၇။ လိမ်လည်ခြင်း၊ ငွေကြေးခဝါချခြင်း အပါအဝင် ရာဇဝတ်မှုများကို ကာကွယ်ခြင်း၊ စုံစမ်းခြင်းနှင့် ထောက်လှမ်းခြင်း၊ စီးပွားရေးအရ အန္တရာယ်ရှိမှုများကို စိစစ်အကဲဖြတ်၍ စီမံခန့်ခွဲခြင်း

၈။ ဥပဒေအရ တောင်းဆိုမှုများ၊ လုပ်ရပ်များ သို့မဟုတ် ဆွေးနွေးခြင်းများကို ကိုင်တွယ်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ကျွန်ုပ်တို့၏ စာချုပ်ဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အကာအကွယ်ပေးခြင်း၊ ကြပ်မတ်ဆောင်ရွက်ခြင်း

၉။ မည်သည့် သက်ဆိုင်သည့် စည်းမျဉ်းများ၊ ဥပဒေများနှင့် စည်းကမ်းများ၊ လုပ်ဆောင်ရန် ကျင့်ထုံးများ သို့မဟုတ် လမ်းညွှန်ချက်များကို လိုက်နာခြင်း သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်များမှ တရားဥပဒေအရ ကြပ်မတ်ခြင်းနှင့် စုံစမ်းဖော်ထုတ်ခြင်းများ

၁၀။ အထက်ပါတို့နှင့် ပတ်သက်၍ အခြားသော မည်သည့် ရည်ရွယ်ချက်များမဆို

ကျွန်ုပ်တို့ထံတွင် လူကြီးမင်း အကောင့်မဖွင့်ထားသည့် တိုင်အောင် သို့မဟုတ် အကောင့်ကို ဖျက်သိမ်းပြီးသည့် တိုင်အောင် ဤရည်ရွယ်ချက်များသည် သက်ဆိုင်နေနိုင်သည်။ 

၃.၂ ထို့အပြင် ကျွန်ုပ်တို့နှင့် ဆက်ဆံရသည့် သဘောသဘာဝ အပေါ်တွင် မူတည်၍ အောက်ပါ ရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူခြင်း၊ အသုံးချခြင်းနှင့် ပေးပို့ခြင်းကို Great Eastern မှ ပြုလုပ်မည်ဖြစ်သည်။

လူကြီးမင်းသည် အလားအလာရှိသည့် ဝယ်ယူသူ သို့မဟုတ် အာမခံထားပြီး သူဖြစ်ပါက

၁။ သင်၏လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကုန်ပစ္စည်းများ အမျိုးအစားနှင့် ဝန်ဆောင်မှုများအကြောင်း ထောက်ခံချက်များပေးရန် (တယ်လီဖုန်း ခေါ်ဆိုခြင်း အပါအဝင်) လူကြီးမင်း၏ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို အကဲဖြတ်သုံးသပ်ခြင်း နှင့် လူကြီးမင်းထံ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်း အပါအဝင် ငွေကြေးပိုင်းဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများကို ပေးအပ်ခြင်း

၂။ အကောင့် သို့မဟုတ် ဆက်ဆံရေး မန်နေဂျာများ သို့မဟုတ် အေးဂျင့်များကို လူကြီးမင်း၏ အကောင့် သို့မဟုတ် စာရင်းဇယားများကို ဝန်ဆောင်မှုပေးရန် တာဝန်ပေးထားပါက ကျွန်ုပ်တို့နှင့် လူကြီးမင်း ချုပ်ဆိုထားသည့် သဘောတူစာချုပ်ရှိ သဘောတူညီချက်များနှင့်အညီ လူကြီးမင်းထံမှ လမ်းညွှန်ချက်များ ယူရန် နှင့်/သို့မဟုတ် သတင်းအချက်အလက်များ၊ ထပ်မံဖြည့်စွက်ချက်များ သို့မဟုတ် ထောက်ခံချက်များကို ပေးအပ်ရန် လူကြီးမင်း၏ ဖုန်းနံပါတ်(များ) ကို ကျွန်ုပ်တို့မှ အသုံးပြုပါလိမ့်မည်။

၃။ အာမခံ စာချုပ်ချုပ်ဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း

၎။ Great Eastern မှ ပေးအပ်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် လူကြီးမင်းမှ တင်သွင်းသည့် လျှောက်လွှာများ သို့မဟုတ် တောင်းဆိုမှုများကို စစ်ဆေးသုံးသပ်ခြင်း

၅။ လူကြီးမင်းဝယ်ယူထားသော အာမခံမူဝါဒနှင့်ပတ်သက်၍ (တယ်လီဖုန်းခေါ်ဆိုခြင်းအပါအဝင်) လူကြီးမင်းထံ ဆက်သွယ်ခြင်းနှင့် မူဝါဒအကျိုးကျေးဇူးများ၊ သဘောတူညီချက်များကို ပြောင်းလဲခြင်းများအကြောင်း အကြောင်းကြားခြင်း၊ လူကြီးမင်းထံသို့ ပေးအပ်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ လူကြီးမင်းကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်ချက်အပါအဝင် စီမံခန့်ခွဲရေး သတင်းအချက်အလက်များကို ပေးအပ်ခြင်း

၆။ အခြားသော အာမခံကုမ္ပဏီများတွင် ထပ်ဆင့်အာမခံ ထားပေးခြင်း

၇။ အခြားသော အာမခံကုမ္ပဏီများ၊ အစိုးရမှ ငွေကြေးထောက်ပံ့ပေးသော အာမခံ အစီအစဉ်များတွင် ထပ်ဆင့် ထားပေးထားသည့် အာမခံထုတ်ကုန်များအပါအဝင်၊ လူကြီးမင်းထံသို့ ကျွန်ုပ်တို့ မှ တိုက်ရိုက် ပေးအပ်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ကြီးကြပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လည်ပတ်ခြင်း

၈။ Great Eastern နှင့်ဖြစ်စေ အခြားကုမ္ပဏီများနှင့်ဖြစ်စေ အာမခံမူဝါဒ များအား သတ်မှတ်ခြင်း၊ အာမခံပေးခြင်းကို လွယ်ကူချောမွေ့အောင်လုပ်ခြင်းနှင့် လျော်ကြေးငွေ တောင်းခံမှု သမိုင်းကို လေ့လာခြင်း

၉။ အာမခံသွင်းငွေများနှင့် အကြွေးများအား ကောက်ခံခြင်း 

၁၀။ လူကြီးမင်း ၀ယ်ယူထားသော အာမခံအမျိုးအစားအောက်တွင် လျော်ကြေးငွေတောင်းခံခြင်း၊ ငွေပေးခြေမှု များ ပြုလုပ်ရခြင်းများ ဖြစ်ပေါ်လာပါက ကျွန်ုပ်တို့မှ လိုအပ်သလို ဆက်သွယ်၍ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ပါသည်။ (ဥပမာ- ကျန်းမာရေးနှင့် ပါတ်သက်သော အာမခံအမျိုးအစားမှ လျော်ကြေးငွေတောင်းခံခြင်း၊ ငွေပေးခြေမှု များ ပြုလုပ်ရခြင်းများ ဖြစ်ပေါ်ပါက လူကြီးမင်း၏ ဆေးကုသမှုမှတ်တမ်းများနှင့် သွေးအဖြေကဲ့သို့ ဆေးရုံနှင့် ဆေးခန်းမှ သတင်းအချက်အလက်များကို တောင်းဆို စစ်ဆေးသွားမည်။)

၁၁။ အထက်ပါတို့နှင့် ပတ်သက်၍ အခြားသော မည်သည့် ရည်ရွယ်ချက်များဖြင့်မဆို

ကျွန်ုပ်တို့ထံသို့ တင်သွင်းသော လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များ အားလုံးသည် ပြီးပြည့်စုံပြီး တိကျ၍ မှန်ကန်ကြောင်း လူကြီးမင်းမှ အာမခံရမည်။ လူကြီးမင်းမှ ဤအချက်ကို မလိုက်နာနိုင်ပါက လူကြီးမင်း တောင်းဆိုသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ခြင်း မရှိဘဲ ဖြစ်လာလိမ့်မည်။

လူကြီးမင်းသည် (လုပ်ပိုင်ခွင့်ရှိသူ သို့မဟုတ် ကိုယ်စားပြုရှေ့နေ၏ အမိန့်အာဏာ အပါအဝင် သို့သော် ၎င်းတို့သာမဟုတ်) မူဝါဒတစ်ခုအတွက် ခန့်အပ်ထားသည့် ကိုယ်စားပြုသူ သို့မဟုတ်  အသက်အာမခံထားသူ သို့မဟုတ် အမွေခံ သို့မဟုတ် အုပ်စုဖွဲ့အာမခံစနစ်မှ အဖွဲ့ဝင် ဖြစ်ပါက

၁။ Great Eastern မှ ပေးအပ်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် အာမခံထားသူမှ ပေးပို့လာသည့် လျှောက်လွှာများနှင့် တောင်းဆိုမှုများကို စစ်ဆေးဆောင်ရွက်ခြင်း

၂။  အခြားသော အာမခံကုမ္ပဏီများတွင် ထပ်ဆင့်အာမခံ ထားပေးခြင်း

၃။ အခြားသော အာမခံကုမ္ပဏီများ၊ အစိုးရမှ ငွေကြေးထောက်ပံ့ပေးသော အာမခံ အစီအစဉ်များတွင် ထပ်ဆင့် ထားပေးထားသည့် အာမခံထုတ်ကုန်များအပါအဝင်၊ လူကြီးမင်းထံသို့ ကျွန်ုပ်တို့ မှ တိုက်ရိုက် ပေးအပ်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ကြီးကြပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လည်ပတ်ခြင်း

၎။ Great Eastern နှင့်ဖြစ်စေ အခြားကုမ္ပဏီများနှင့်ဖြစ်စေ အာမခံမူဝါဒ များအား သတ်မှတ်ခြင်း၊ အာမခံပေးခြင်းကို လွယ်ကူချောမွေ့အောင်လုပ်ခြင်းနှင့် လျော်ကြေးငွေ တောင်းခံမှု သမိုင်းကို လေ့လာခြင်း

၅။ အာမခံသွင်းငွေများနှင့် အကြွေးများအား ကောက်ခံခြင်း

၆။ လူကြီးမင်း ၀ယ်ယူထားသော အာမခံအမျိုးအစားအောက်တွင် လျော်ကြေးငွေတောင်းခံခြင်း၊ ငွေပေးခြေမှု များ ပြုလုပ်ရခြင်းများ ဖြစ်ပေါ်လာပါက ကျွန်ုပ်တို့မှ လိုအပ်သလို ဆက်သွယ်၍ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ပါသည်။ (ဥပမာ- ကျန်းမာရေးနှင့် ပါတ်သက်သော အာမခံအမျိုးအစားမှ လျော်ကြေးငွေတောင်းခံခြင်း၊ ငွေပေးခြေမှု များ ပြုလုပ်ရခြင်းများ ဖြစ်ပေါ်ပါက လူကြီးမင်း၏ ဆေးကုသမှုမှတ်တမ်းများနှင့် သွေးအဖြေကဲ့သို့ ဆေးရုံနှင့် ဆေးခန်းမှ သတင်းအချက်အလက်များကို တောင်းဆို စစ်ဆေးသွားမည်။)

၇။  အထက်ပါတို့နှင့်ပတ်သက်၍ အခြားသော မည်သည့် ရည်ရွယ်ချက်များဖြင့်မဆို

အလုပ်လျှောက်လိုသူတစ်ဦးအနေဖြင့် သို့မဟုတ် ကိုယ်စားလှယ်ရာထူးအတွက် လျှောက်လွှာကို ကျွန်ုပ်တို့ထံ ပေးပို့ပါက

၁။ လူကြီးမင်း၏ အကြွေးရာဇဝင်နှင့် အရည်အချင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်းကဲ့သို့ မခန့်အပ်မှီ စစ်ဆေးမှုများအပါအဝင် လူကြီးမင်း၏ လျှောက်လွှာကို သုံးသပ်ခြင်း

၂။ ဝန်ထမ်းအကြောင်း အလုပ်ရှင်၏ထောက်ခံစာများရယူခြင်းနှင့်ပေးအပ်ခြင်း၊ နောက်ကြောင်းကို သေချာ ခရေစေ့ တွင်းကျ စစ်ဆေးရန် လုပ်ဆောင်ခြင်း၊

၃။ အလုပ်လျှောက်သည့် ရာထူးအတွက် လူကြီးမင်း၏ သင့်တော်မှုကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် အင်တာဗျူး မေးခြင်း၊

၎။ စီးပွားရေး ဆက်လက်လုပ်ဆောင်ခြင်းဟူသည့် ရည်ရွယ်ချက်များအပါအဝင် Great Eastern ၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို လိုက်နာရန် လိုအပ်သလို လူကြီးမင်းနှင့် ဆက်သွယ်ပြောဆိုခြင်း

၅။ အထက်ပါတို့နှင့် ပတ်သက်၍ အခြားသော မည်သည့် ရည်ရွယ်ချက်များမဆို

ကျွန်ုပ်တို့ထံသို့ တင်သွင်းသော ကိုယ်ရေးအချက်အလက်များ အားလုံးသည် ပြီးပြည့်စုံပြီး တိကျ၍ မှန်ကန်ကြောင်း လူကြီးမင်းမှ အာမခံရမည်။ လူကြီးမင်းမှ ဤအချက်ကို မလိုက်နာနိုင်ပါက လူကြီးမင်းတင်သွင်းသော လျှောက်လွှာတွင် နှောင့်နှေးမှုများ သို့မဟုတ် လူကြီးမင်း၏ လျှောက်လွှာကို ကျွန်ုပ်တို့ဘက်မှ မစဉ်းစားနိုင်ခြင်း ဖြစ်လာမည်။

၃.၃ Oversea-Chinese Banking Corporation Limited မှတစ်ဆင့် Great Eastern ထုတ်ကုန်တစ်ခုကို ဝယ်ယူခြင်း သို့မဟုတ် လျှောက်လွှာတင်သွင်းခြင်း လုပ်ပါက www.ocbc.com/policies တွင် သို့မဟုတ် OCBC ဘဏ် မှ တောင်းဆိုလာပါက OCBC ဘဏ်၏ အချက်အလက် ကာကွယ်ရေး မူဝါဒ၏ အချက်အလက်များကို လူကြီးမင်းသည် သဘောတူ လက်ခံရမည်ဖြစ်သည်။

၃.၄ ထို့အပြင် အက်ဥပဒေအောက်တွင် ခွင့်ပြုပါက Great Eastern သည် လူကြီးမင်း၏ ကိုယ်ရေးအချက် အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက် ကောက်ယူ၊ အသုံးချ၊ ပေးပို့မည်ဖြစ်သည် (ကိုယ်ရေး အချက်အလက်များကို ကိုင်တွယ်ရန်အတွက် “ထပ်ဆောင်း ရည်ရွယ်ချက်များ” အဖြစ် ကျွန်ုပ်တို့၏ စာရွက်စာတမ်းများနှင့် စာချုပ်များတွင် ဖော်ပြထားမည်

၁။ အရောင်းမြှင့်တင်ရေးများ၊ အချိန်ကြာမြှင့်စွာ အားပေးမှုနှင့် ဆုပေးသည့် အစီအစဉ်များ အပါအဝင် ဝန်ဆောင်မှုများ၊ ထုတ်ကုန်များနှင့် အကျိုးရလဒ်များကို လူကြီးမင်းထံသို့ ပေးအပ်ခြင်း သို့မဟုတ် အရောင်းမြှင့်တင်ခြင်း

၂။ အခြားရည်ရွယ်ချက်များအတွက် သို့မဟုတ် ကုမ္ပဏီများမှ ဖြစ်စေ အခြားသော တတိယ အဖွဲ့အစည်းများမှဖြစ်စေ ပေးအပ်သည့် သို့မဟုတ် ထောက်ပံ့သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ ကုမ္ပဏီများ သို့မဟုတ် (တတိယ အဖွဲ့အစည်းများ အပါအဝင်) အခြားသော အရင်းအမြစ်များမှ အချိန်အခါအလိုက် ကောက်ယူသော အချက်အလက်များနှင့် ကိုယ်ရေးအချက်အလက်များကို တိုက်ဆိုင်စစ်ဆေးခြင်း

၃။ ပြိုင်ပွဲများကို ကြီးကြပ်ခြင်း၊ Great Eastern နှင့် အလုပ်လုပ်တိုင်း သင်၏အတွေ့အကြုံများသည် ကိုယ်ပိုင်အမှတ်သညာဖြစ်ခြင်း

၎။  များသောအားဖြင့် ကျွန်ုပ်တို့၏ စားသုံးသူများထံသို့ဖြစ်စေ သို့မဟုတ် ကုမ္ပဏီမှ လူကြီးမင်း စိတ်ဝင်စားနိုင်သည်ဟု တွေးမိ၍ဖြစ်စေ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ အထူးဈေးနှုန်းများနှင့် ဆုများအကြောင်း အသေးစိတ်အချက်အလက်များကို ပေးပို့ခြင်း

၅။ လူကြီးမင်းထံသို့ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် လူကြီးမင်း၏ ကြိုက်နှစ်သက်မှုနှင့် ကိုယ်ရေးအကျဉ်းအရ သက်ဆိုင်နိုင်သည့် အထူးဈေးနှုန်းများနှင့် အရောင်းမြှင့်တင်ရေး အစီအစဉ်များကို ပေးအပ်ရန် ကုမ္ပဏီများအတွက် စားသုံးသူအမူအကျင့်၊ နေရာဒေသ၊ ကြိုက်နှစ်သက်မှုများနှင့် လူဦးရေ စာရင်းဇယားအကြောင်း ဈေးကွက်သုတေသနလုပ်ခြင်း၊ နားလည်အောင်လုပ်ခြင်း၊ ဆုံးဖြတ်ခြင်း

၃.၅ လူကြီးမင်း၏ စင်င်္ကာပူ တယ်လီဖုန်းနံပါတ်(များ) ကိုပေးထားပြီး လူကြီးမင်း၏ စင်င်္ကာပူ တယ်လီဖုန်း နံပါတ်(များ) မှတဆင့် အရောင်းမြှင့်တင်ရေးပွဲ သို့မဟုတ် အရောင်းမြှင့်တင်ရေးဆိုင်ရာ အချက်အလက်ကို ရယူရန် သဘောတူသည်ဟု ညွှန်ပြပါက Great Eastern သည် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် (လျှော့ဈေးများနှင့် အထူးဈေးနှုန်းများအပါအဝင်) ဝန်ဆောင်မှုများအကြောင်း သတင်းအချက်အလက်များကို (ဖုန်းခေါ်ခြင်း၊ စာတိုပေးပို့ခြင်း၊ ဖက်စ်ပို့ခြင်းနှင့် အခြားနည်းလမ်းများ အပါအဝင်) အဆိုပါ စင်င်္ကာပူ တယ်လီဖုန်း နံပါတ်(များ)ကို အသုံးပြု၍ သင့်ကို ဆက်သွယ်နိုင်သည်။

၃.၆ ကျွန်ုပ်တို့နှင့် ဆက်ဆံခြင်း သို့မဟုတ် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် သက်ဆိုင်၍ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ ကောက်ယူ၊ အသုံးချ၊ ပေးပို့သည့် အခြား ရည်ရွယ်ချက်များအကြောင်းကို သီးသန့် အကြောင်းကြား လာနိုင်ပါသည်။ ထိုသို့ဆိုပါက လူကြီးမင်းထံသို့ အခြားပုံစံဖြစ်သည်ဟု အထူးအကြောင်းကြားခြင်း မရှိပါက ထပ်ဆောင်း ရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူ၊ အသုံးချ၊ ပေးပို့ပါမည်။

၎။ ကိုယ်ရေးအချက်အလက်များကို ပေးပို့ခြင်း

၎.၁ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို အခွင့်မရှိဘဲ ပေးပို့ခြင်းမရှိစေရန် Great Eastern သည် သင့်တော်သော လုပ်ရပ်များကို အသုံးပြု၍ အကာအကွယ်ပေးပါမည်။ သက်ရောက်သော မည်သည့်ဥပဒေ ပြဌာန်းချက်များ အပေါ်တွင်မဆို မူတည်၍ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို အထက်ပါ ရည်ရည်ရွယ်ချက်အတွက် (သက်ဆိုင်သည့် အချိန်တိုင်း) စင်င်္ကာပူတွင်ဖြစ်စေ သို့မဟုတ် နိုင်ငံရပ်ခြားတွင်ဖြစ်စေ ရှိသည့် အောက်ပါ အဖွဲ့အစည်းများသို့ ပေးနိုင်ပါသည်။

၁။ Great Eastern နှင့်သက်ဆိုင်သော ကော်ပိုရေးရှင်းများ

၂။ Great Eastern သို့ အာမခံ နှင့်/သို့မဟုတ် ထပ်ဆင့်အာမခံပေးခြင်းနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများပေးသည့် ကုမ္ပဏီများ

၃။ အာမခံမူဝါဒ နှင့် လျော်ကြေး သတ်မှတ်ချက်များဖြင့် သက်ဆိုင်လာသည့်အခါတိုင်းတွင်  အာမခံပေးခြင်းနှင့် သက်ဆိုင်သည့် စစ်တမ်းကောက်သူများ၊ ဆုံးရှုံးမှု ညှိနှိုင်းသူများ၊ ပုဂ္ဂလိက စုံစမ်းစစ်ဆေးသူများ၊ မော်တာ ကားပြင်ဆင်သော အလုပ်ရုံများ၊ ဆေးရုံများ သို့မဟုတ် ဆေးခန်းများ

၎။ The Life Insurance Association Singapore နှင့် The General Insurance Association Singapore တို့အပါအဝင် အာမခံကုမ္ပဏီများ အသင်းအဖွဲ့များ

၅။ Great Eastern ၏ လုပ်ငန်းလည်ပတ်ရေး အခန်းကဏ္ဍတွင် အဓိက ပါဝင်သော ကိုယ်စားလှယ်များ၊ ကန်ထရိုက်တာများနှင့် တတိယအဖွဲ့အစည်းများ (တတိယအဖွဲ့အစည်းဆိုသည်မှာ -   တယ်လီကွန်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ ငွေပေးချေခြင်း၊ လခပေးခြင်း၊ လုပ်ငန်းလုပ်ဆောင်ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း၊ ဈေးကွက် သုတေသန၊ သိုလှောင်ခြင်း၊ မှတ်တမ်းသိမ်းဆည်းခြင်းနှင့် အခြားသော ဝန်ဆောင်မှုများ)

၆။ Great Eastern မှပေးအပ်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ ဈေးသည်များ သို့မဟုတ် အခြားသော တတိယအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများ

၇။ အကြွေးဗျူရို (စင်င်္ကာပူ) သို့မဟုတ် အငြင်းပွားမှုဖြစ်လာပါက သို့မဟုတ် အကြွေးပေးရန် ပျက်ကွက်၍ အပေါင်ရှုံးသောအခါ Financial Industry Disputes Resolution Centre Ltd ကဲ့သို့ အကြွေး သိမ်းယူရေး အေဂျင်စီများ သို့မဟုတ် အငြင်းပွားမှု ပြေလည်ရေး စင်တာများ

၈။ လူကြီးမင်း၏ သေတမ်းစာ(များ) သို့မဟုတ် ပိုင်ဆိုင်သည့် အိမ်ခြံမြေကို ကြီးကြပ်ခြင်းနှင့် ပတ်သက်၍ လူကြီးမင်း၏ မိသားစု၊ ဆွေမျိုးများ၊ ခန့်အပ်ထားသည့် လုပ်ငန်းဆောင်ရွက်မည့်သူနှင့် ၎င်းတို့၏ ကျွမ်းကျင်သူ အကြံပေးများ

၉။ ကုမ္ပဏီများမှ မည်သည့်တစ်ခုမဆို ပါဝင်သည့် စီးပွားရေး ပိုင်ဆိုင်မှု ရောင်းဝယ်ရေးများကို (ထိုရောင်းဝယ်ရေးများသည် ကုမ္ပဏီအချင်းချင်းပေါင်းခြင်း၊ အခြားကုမ္ပဏီကို ရယူခြင်း သို့မဟုတ် ပိုင်ဆိုင်မှု ရောင်းချခြင်း အထိပါဝင်သည်) အဆင်ပြေ ချောမွေ့ရန် လုပ်ပေးမည့် မည်သည့် စီးပွားရေး ပါတနာ၊ ရင်းနှီးမြုပ်နှံသူ၊ တာဝန်ပေးအပ်ခြင်းခံရသူ သို့မဟုတ် လွှဲပြောင်းပေးသူ (အမှန်တစ်ကယ်လုပ်သူဖြစ်စေ အလားအလာရှိသည့်သူဖြစ်စေ)

၁၀။ လူကြီးမင်း၊ လူကြီးမင်း၏ ဘဏ်များ၊ ခရစ်ဒစ်ကတ် ကုမ္ပဏီများနှင့် ၎င်းတို့၏ သက်ဆိုင်ရာ ဝန်ဆောင်မှု ပေးအပ်သူများထံမှ ငွေပေးချေမှုကို ကျွန်ုပ်တို့မှ လိုအပ်သည့်အခါ

၁၁။ ကျွန်ုပ်တို့၏ စာရင်းစစ်များနှင့် ရှေ့နေများကဲ့သို့ ကျွမ်းကျင်သည့် အကြံပေးများ

၁၂။ စင်င်္ကာပူနိုင်ငံရှိ ငွေကြေးအာဏာပိုင်များ၊ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဗဟိုပင်စင်ရန်ပုံငွေ ဘုတ်အဖွဲ့ကဲ့သို့ အစိုးရ အာဏပိုင်များမှ ချမှတ်လိုက်သည့် မည်သည့်ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် စီမံချက်များကို လိုက်နာရန် သက်ဆိုင်ရာ အစိုးရ စည်းမျဉ်းချမှတ်သူများ သို့မဟုတ် အာဏာပိုင်များ သို့မဟုတ် တရားဥပဒေကြီးကြပ်ရေး အေဂျင်စီ

၁၃။ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ပေးပို့ရန် လူကြီးမင်းမှ ခွင့်ပြုလိုက်သည့် မည်သည့် အခြားသော အဖွဲ့အစည်းမဆို

၅။  Cookies အသုံးပြုခြင်း

၅.၁ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များတွင် လူကြီးမင်းကြည့်ရှုသည့်အခါ ကျွန်ုပ်တို့မှ သင်၏ browser မှ ကျွန်ုပ်တို့၏ ဆာဗာ log များကို အလိုအလျောက် လက်ခံရရှိပြီး အချက်အလက်များကို စုဆောင်းထားသည်။ ကြည့်ရှုသူတစ်ဦးသည် ဝက်ဘ်ဆိုဒ်ကို မည်သို့ လာရောက်သည်၊ မည်သည့် browser အမျိုးအစားကို ကြည့်ရှုသူမှ အသုံးပြုသည်၊ ကြည့်ရှုသူမှ မည်သည့် operating system ကိုအသုံးပြုသည်၊ ကြည့်ရှုသူ၏ IP address နှင့် ကြည့်ရှုသူ၏ ကလစ်နှိပ်မှုများနှင့် ဆိုင်သည့် အချက်အလက်များနှင့် time stamp (ဥပမာ မည်သည့်စာမျက်နှာများကို ကြည့်ရှုသွားသည်၊ စာမျက်နှာများကို ကြည့်ရှုခဲ့သည့်အချိန်နှင့် ဝက်ဘ် စာမျက်နှာတစ်ခုလျှင် အသုံးပြုသည့် အချိန်) စသည်တို့နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို အကန့်အသတ်မရှိ စောင့်ကြပ်ကြည့်ရှုခြင်းအပါအဝင် ကျွန်ုပ်တို့ ဆာဗာမှ ပြန်လာသော ကြည့်ရှုသူလား သို့မဟုတ် သီးသန့် အသုံးပြုသူလားဆိုသည့်အချက်ကို မှတ်မိစေရန် cookies ကိုအသုံးပြုနိုင်ပါသည်။

၅.၂ Cookies ဆိုသည်မှာ လူကြီးမင်း ကွန်ပြူတာ၏ hard disk တွင် ‘Cookies’ ဟူသော folder တွင် တည်ရှိသည့် သေးငယ်သည့် text file များဖြစ်ပြီး ကျွန်ုပ်တို့ သင့်ကို မှတ်မိစေရာတွင် အထောက်အကူပြုသည်။ ကျွန်ုပ်တို့ ဆာဗာမှ ပေးလိုက်သည့် cookies ကို ကျွန်ုပ်တို့သာ ဖတ်နိုင်ပြီး ကွန်ပြူတာတစ်ခုရှိ အခြားသော အချက်အလက်များကို ရယူခြင်း၊ ဖတ်ရှုခြင်း သို့မဟုတ် ပြောင်းလဲခြင်းကို cookies မှ မလုပ်နိုင်ပါ။ web-browser များအားလုံးတွင် မည်သည့် cookie ကိုမဆို ငြင်းဆန်ရန် ရွေးချယ်စရာတစ်ခုပါဝင်ပြီး ကျွန်ုပ်တို့၏ cookie ကိုငြင်းဆန်ပါက ကျွန်ုပ်တို့မှ ထိုကြည့်ရှုသူတွင် မည်သည့် သတင်းအချက်အလက်ကိုမျှ ကောက်ယူမည်မဟုတ်ပါ။

၅.၃ ဤနည်းပညာများနှင့် သက်ဆိုင်သည့် cookies ကို disable လုပ်ချင်ပါက လူကြီးမင်း၏ browser ရှိ setting တွင် သွားရောက်ပြောင်းလဲနိုင်သည်။ သို့သော် ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်၏ အချို့သော အစိတ်အပိုင်းများကို လူကြီးမင်းအနေဖြင့် ဝင်ရောက်နိုင်မည်မဟုတ်ပါ။

၆. အချက်အလက် လုံခြုံရေး

၆.၁ Great Eastern သည် ကျွန်ုပ်တို့ပိုင်ဆိုင်သည့် သို့မဟုတ် ကျွန်ုပ်တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် သင့်တော်သလို ကြိုးစားအားထုတ်မည်ဖြစ်ပြီး အခွင့်မရှိဘဲ ဝင်ရောက်ခြင်း၊ ကောက်ယူခြင်း၊ အသုံးပြုခြင်း၊ ပေးပို့ခြင်း၊ ကော်ပီကူးခြင်း၊ ပြောင်းလဲခြင်း၊ စွန့်ပစ်ခြင်း သို့မဟုတ် အလားတူ အန္တရာယ်များမှ ကာကွယ်ရန် သင့်တော်သည့် လုံခြုံရေး အစီအမံများကို ချမှတ်ထားပါသည်။ သို့သော် လူကြီးမင်းထံမှ သို့မဟုတ် လူကြီးမင်းအကြောင်း ကျွန်ုပ်တို့ ကောက်ယူလိုက်သည့် မည်သည့် ကိုယ်ရေးအချက်အလက်များကိုမဆို လုံခြုံရပါစေမည်ဟု သို့မဟုတ် ဥပမာအားဖြင့် မည်သည့် အန္တရာယ်ရှိသည့် ကုတ်မျိုးမျှ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ခြင်း မရှိပါဟု (ဥပမာ ဗိုင်းရပ်စ်များ၊ bug များ၊ Trojan horse, spyware သို့မဟုတ် adware) ယတိပြတ် အာမမခံနိုင်ပါ။ ဝက်ဘ်ဆိုက်များအသုံးပြုခြင်းနှင့် သက်ဆိုင်သည့် အန္တရာယ်များကို လူကြီးမင်းအနေဖြင့် သတိမူရမည်။

၆.၂ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို အကာအကွယ်ပေးရန် ကျွန်ုပ်တို့မှ ကြိုးစားအားထုတ်သော်လည်း အင်တာနက်မှတဆင့် လူကြီးမင်းမှ ကျွန်ုပ်တို့ဆီသို့ သတင်းအချက်အလက်ပေးပို့သောအခါ ထိုသတင်းအချက်အလက်၏ လုံခြုံမှုကို ကျွန်ုပ်တို့အနေဖြင့် မသေချာပါ။ အင်တာနက်အသုံးပြုနေသောအခါ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် သတိပြုပါဟု အကြံပေးလိုပါသည်။ password ကို မကြာခဏ ပြောင်းလဲရန်၊ password တွင် စာများနှင့် ဂဏန်းများကို တွဲဖက်အသုံးပြုရန်နှင့် လုံခြုံသော browser တစ်ခုကို လူကြီးမင်းအနေနှင့် အသုံးပြုရန် အကြံပေးလိုပါသည်။

၆.၃ ဖြစ်နိုင်ပါက လူကြီးမင်း၏ username နှင့် password ကိုလုံခြုံစေရန် လျှို့ဝှက်ထားပြီး အခွင့်မရှိသူ မည်သူ့ထံသို့မဆို မပေးအပ်ရန် သို့မဟုတ် ပေးအပ်ဖို့ ခွင့်မပြုရန်နှင့် တစ်စုံတစ်ယောက်သည် လူကြီးမင်း၏ username နှင့် password ကိုသိသည်ဟု လူကြီးမင်းအနေဖြင့် သိပါက သို့မဟုတ် သံသယဖြစ်ပါက သို့မဟုတ် လူကြီးမင်း၏ username နှင့် password သည် လုံခြုံမှုမရှိတော့ဘဲ တစ်နည်းနည်းဖြင့် ပျောက်ဆုံး၊ အခိုးခံရ သို့မဟုတ် လုယူခံရပါက သို့မဟုတ် အမှန်တစ်ကယ် သို့မဟုတ် ဖြစ်လာနိုင်သည့် အခွင့်မရှိ ရောင်းဝယ်မှု ဖြစ်လာသည်ဆိုပါက သင့်တော်သည်အချိန်တွင် ကျွန်ုပ်တို့ထံသို့ ချက်ချင်း အကြောင်းကြားပါ။ လုံခြုံရေး ချိုးဖောက်ခံရမှုများ၊ လူကြီးမင်း၏ username နှင့် password ကို အခွင့်မရှိဘဲ နှင့်/သို့မဟုတ် ခိုးယူ အသုံးပြုခြင်းမှ ဖြစ်လာသည့် မည်သည့် ပျက်စီးမှုများအတွက်မဆို ကျွန်ုပ်တို့ထံတွင် တာဝန်မရှိပါ။

၇. Anti-Spam

၇.၁ spam message များကို လူကြီးမင် လက်ခံရရှိပြီး ကျွန်ုပ်တို့ထံသို့ သတင်းပို့လိုပါက လူကြီးမင်း လက်ခံရရှိသည့် message ကို wecare-mm@greateasternlife.com သို့ လွှဲပြောင်းပေးပို့လိုက်ပါ။ 

၈။ တတိယအဖွဲ့အစည်း ဆိုဒ်များ

၈.၁ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်တွင် တတိယအဖွဲ့အစည်းများမှ လုပ်ကိုင်သည့် ဝက်ဘ်ဆိုဒ်များထံသို့ ညွှန်းထားသည့် လင့်ခ်များ ပါရှိနိုင်ပါသည်။ ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်နှင့် လင့်ခ်ချိတ်ထားသည့် တတိယအဖွဲ့အစည်းမှားမှ လုပ်ကိုင်သည့် ဝက်ဘ်ဆိုဒ်များ၏ ကိုယ်ရေးကိုယ်တာ ကာကွယ်ရေး အမူအကျင့်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။ အဆိုပါ တတိယအဖွဲ့အစည်း ဝက်ဘ်ဆိုဒ်များ၏ ကိုယ်ရေးကိုယ်တာ ကာကွယ်ရေး မူဝါဒများအကြောင်း လေ့လာရန် လူကြီးမင်းကို ကျွန်ုပ်တို့မှ တိုက်တွန်းပါသည်။ ထို တတိယအဖွဲ့အစည်း ဝက်ဘ်ဆိုဒ်များကို ကျွန်ုပ်တို့မှ ထိန်းသိမ်းခြင်း မရှိသော်လည်း ၎င်းတို့ထဲမှ အချို့သည် ကျွန်ုပ်တို့၏ လိုဂို သို့မဟုတ် ကုန်ပစ္စည်းအမှတ်တံဆိပ်နှင့် ကုန်ပစ္စည်းတံဆိပ်တစ်ခုအောက် ပူးတွဲလုပ်ဆောင်နေသူဖြစ်ချင်ဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်မှ လူကြီးမင်း ထွက်သွားသည်နှင့် တစ်ပြိုင်နက် တတိယအဖွဲ့အစည်း ဝက်ဘ်ဆိုဒ်၏ သင့်တော်သော ကိုယ်ရေးကိုယ်တာ ကာကွယ်ရေး မူဝါဒများကို လူကြီးမင်းသည် စစ်ဆေးရမည်ဖြစ်ပြီး လူကြီးမင်းထံမှ ကောက်ယူသော သတင်းအချက်အလက်များကို ၎င်းတို့သည် မည်သို့ ကိုင်တွယ်ကြောင်း ဆုံးဖြတ်ရပါမည်။ 

၉။ ကျွန်ုပ်တို့ကို ဆက်သွယ်ခြင်း – လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များအကြောင်း သဘောတူညီမှုကို ရုတ်သိမ်းခြင်း၊ ရယူခြင်းနှင့် ပြင်ဆင်ခြင်း

၉.၁ လူကြီးမင်းအနေဖြင့်

၁။ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ကာကွယ်ရေး ကြေညာချက်နှင့်ပတ်သက်၍ မေးခွန်းများ သို့မဟုတ် မှတ်ချက်များ ပေးလိုပါက

၂။ ဤ ကိုယ်ရေးကိုယ်တာ ကာကွယ်ရေး ကြေညာချက်တွင် ဖော်ပြထားသည့် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြုခြင်းကို သဘောတူညီမှုကို ရုတ်သိမ်းလိုပါက

၃။ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုပြီး ပြင်ဆင်လိုပါက Great Eastern ကို အောက်ပါအတိုင်း ဆက်သွယ်ပါ။

အီးမေးလ်း wecare-mm@greateasternlife.com

ဖုန်းး +၉၅ ၂၅၄၀၅ ၄၀၉၃

စာပို့မည်ဆိုပါလျှင်း

Data Protection Officer
Data Protection & Governance Office
1 Pickering Street #01-01
Great Eastern Centre
Singapore 048659

၉.၂ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို တတိယအဖွဲ့အစည်းမှ ပေးအပ်ထားခြင်း ဖြစ်ပါက (ဥပမာ အာမခံထားသူမှ လူကြီးမင်းကို အမွေခံအဖြစ် သို့မဟုတ် ဘဝအာမခံထားသူအဖြစ် ရွေးချယ်လိုက်ပါက) ထိုပုဂ္ဂိုလ်ကိုဆက်သွယ်၍ အဆိုပါ စုံစမ်းမှုများ၊ စောဒတက်မှုများနှင့် ကြည့်ရှုပြီး ပြင်ဆင်ရန် တောင်းဆိုမှုများကို ထိုပုဂ္ဂိုလ်မှ Great Eastern သို့ သင်ကိုယ်စား လုပ်ရမည်။

၉.၃ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များ နှင့်/သို့မဟုတ် လူကြီးမင်း၏ အာမခံထားသူ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ပေးပို့ခြင်းလုပ်ရန် သဘောတူညီထားမှုကို မပေးလိုပါက သိုမဟုတ် ရုတ်သိမ်းလိုပါက ဥပဒေအရ သို့မဟုတ် စာချုပ်အရ တားမြစ်ကန့်သတ်ချက်မရှိပါက ကျွန်ုပ်တို့ထံသို့ သင့်တော်သော နို့တစ်စာပေးပို့ပြီး လုပ်ဆောင်နိုင်သည်။ ဥပမာအားဖြင့် လူကြီးမင်းသည် အရောင်းမြှင့်တင်ရေး ရည်ရွယ်ချက်အတွက် မိမိ၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြုခြင်းကို သဘောတူညီထားမှုကို ရုတ်သိမ်းလိုပါက ဤရုတ်သိမ်းမှုသည် လူကြီးမင်းတောင်းဆိုသော သို့မဟုတ် ကျွန်ုပ်တို့မှ ယူသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်ရန် ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်ကို မထိခိုက်ပါက လုပ်ဆောင်နိုင်ပါသည်။  

၉.၄ သို့သော် လူကြီးမင်း၏ အာမခံ မူဝါဒကို ဝန်ဆောင်မှုပေးရေးနှင့် ကြီးကြပ်ရေးနှင့်သက်ဆိုင်သည့် ကိစ္စများကဲ့သို့ ကျွန်ုပ်တို့မှ  သို့မဟုတ် ကျွန်ုပ်တို့မှ တစ်ဆင့် လူကြီးမင်းထံသို့ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်ရန် လိုအပ်သည်ဟု ကျွန်ုပ်တို့မှ ယူဆသည့် မည်သည့် ရည်ရွယ်ချက်များအတွက်မဆို လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြုရန် သဘောတူညီမှုကို လူကြီးမင်းမှ
ရုတ်သိမ်းလိုက်ပါက လူကြီးမင်း၏ အာမခံ ခြုံငုံမှုကို အင်တိုက်အားတိုက် ထိန်းသိမ်းထားခြင်း သို့မဟုတ် လူကြီးမင်း၏ တောင်းဆိုမှုများကို ကောင်းမွန်စွာ စစ်ဆေးလုပ်ဆောင်ခြင်း မလုပ်ဆောင်နိုင်တော့ဘဲ အဆိုပါ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ကျွန်ုပ်တို့မှ လူကြီးမင်းထံပေးအပ်နိုင်သည့် စွမ်းဆောင်ရည်ကိုပါ ထိခိုက်လာနိုင်သည်။ ဤကဲ့သို့ သဘောတူညီမှုကို ရုတ်သိမ်းခြင်းကြောင့် လူကြီးမင်း၏ မူဝါဒများနှင့် ကျွန်ုပ်တို့နှင့် စာချုပ်ထားသည်များအားလုံး ပျက်ပြယ်မည်ဖြစ်သည်။ လူကြီးမင်းအနေနှင့် မူဝါဒမှ တန်ဖိုးရှိသော အကျိုးကျေးဇူးများကို ဆုံးရှုံးမည်ဖြစ်ပြီး အနာဂတ်တွင် တူညီသောအချက်များနှင့် ဤကဲ့သို့ ကာကွယ်မှု အဆင့်ကို ရနိုင်ချင်မှ ရနိုင်တော့မည်ဖြစ်သောကြောင့် လူကြီးမင်းအတွက်လည်း ဆုံးရှုံးမှုများဖြစ်ပေါ် လာနိုင်ပါသည်။ Great Eastern မှအကြံဥာဏ်ပေးထားသည့် ရုတ်သိမ်းမှု ကြောင့်ဖြစ်လာနိုင်သည့် အခြားသော အကျိုးဆက်များလည်း ရှိနိုင်သည်။ လူကြီးမင်း၏ ကိုယ်ကျိုးအချက်အလက်များနှင့် စပ်လျဉ်း၍ သဘောတူညီမှုများကို ရုတ်သိမ်းလိုက်သည့်အခါ Great Eastern ၏ ဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တရားဥပဒေအရ နစ်နာမှုအတွက် လျော်ကြေးတောင်းခြင်းများကို ရှင်းလင်းစွာ ထိန်းသိမ်းထားသည်။

၁၀။ အုပ်ချုပ်သည့် ဥပဒေ

၁၀.၁ ဤ ကိုယ်ရေးကိုယ်တာ အကာအကွယ်ပေးရေး ကြေညာချက်နှင့် ဤဝက်ဘ်ဆိုဒ်ကို လူကြီးမင်း အသုံးပြုခြင်းကို စင်ကာပူနိုင်ငံရှိ ဥပဒေများ၏ ဘက်ပေါင်းစုံ၏ လက်အောက်တွင်ရှိသည်။ 

Back to Top
ကူညီပါရစေ
မြန်မာပြည်တွင်းခေါ်ဆိုရန်
ပြည်ပမှခေါ်ဆိုရန်
အီးမေးလ်
ဝင်ရောက်
ကြည့်ရှုရန်
ကျွန်ုပ်တို့အကြောင်း
Great Eastern Holdings Ltd | The Great Eastern Life Assurance Company Limited | Great Eastern General Insurance Ltd.
Great Eastern Holdings Ltd | The Great Eastern Life Assurance Company Limited | Great Eastern General Insurance Ltd.