သင်၏ နိုင်ငံ နှင့် ဘာသာစကား ကို ရွေးချယ်ပါ
Singapore
Malaysia
Indonesia
Brunei
Myanmar
Takaful

လုံခြုံမှု မူဝါဒ

လုံခြုံမှု မူဝါဒ

အင်တာနက်မှတစ်ဆင့် ကျွန်ုပ်တို့၏ စားသုံးသူများမှ စီးပွားရေးအရ ရောင်းဝယ်မှုများ ပြုလုပ်သည့်အခါ လုံခြုံရေး ပြဿနာများနှင့် ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ကျွန်ုပ်တို့မှ အလေးထားပါသည်။ ကျွန်ုပ်တို့၏ စားသုံးသူများ၏ လျှို့ဝှက် စီးပွားရေး အချက်အလက်များနှင့် ၎င်းတို့၏ မူဝါဒ သတင်းအချက်အလက်များကို အကာအကွယ်ပေးရန်နှင့် လုံခြုံစေရန် ကျွန်ုပ်တို့မှ နည်းလမ်းအတော်များများကို လုပ်ဆောင်ထားပါသည်။

ကျွန်ုပ်တို့၏ စားသုံးသူများ၏ မူဝါဒ သတင်းအချက်အလက်များနှင့် စီးပွားရေး အချက်အလက်များကို အကာအကွယ်ပေးနိုင်ရန် အောက်ပါ နည်းလမ်းများကို ကျွန်ုပ်တို့မှ အသုံးပြုထားပါသည်။

၁။ ကျွန်ုပ်တို့၏ ကွန်ပြူတာ စနစ်များနှင့် အင်တာနက်အကြားတွင် firewall အလွှာအများအပြားကို ချမှတ်ထားပြီးဖြစ်ပါသည်။

၂။ ကျွန်ုပ်တို့၏ စားသုံးသူများ မူဝါဒ သတင်းအချက်အလက်များနှင့် ပုဂ္ဂိုလ်ရေး စီးပွားရေးဆိုင်ရာ အချက်အလက်များကို အကာအကွယ်ပေးရန် 128-bit Secure Socket Layer (SSL) encryption ကို ကျွန်ုပ်တို့မှ အသုံးပြုထားသည်။ 128-bit SSL encryption သည် အင်တာနက်မှ အချက်အလက်များကို encryption လုပ်ပြီးအသုံးပြုရန် အသုံးပြုကြသည့် လုပ်ငန်းတွင် စံထားရသည့် လုံခြုံရေး နည်းလမ်းဖြစ်ပါသည်။ SSL 128-bit encryption နှင့်ကိုက်ညီစေရန် browser များနှင့် application software များအားလုံးကို upgrade လုပ်သင့်ပါသည်။

အခွင့်ရသည့် အသုံးပြုသူများသာ ကျွန်ုပ်တို့၏ ကွန်ပြူတာ စနစ်များအတွင်သို့ ဝင်ရောက်နိုင်ရန် လုပ်ထားပြီး အလွန်လုံခြုံသည့် ကျွန်ုပ်တို့၏ အတွင်းပိုင်း ကွန်ပြူတာစနစ်များထဲ့သို့ ဝင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းတစ်ရပ်မှာ ကျွန်ုပ်တို့ စားသုံးသူများပိုင်သည့် မှန်ကန်သော user-id များနှင့် password များကို အသုံးပြုဝင်ရောက်ခြင်း ဖြစ်ပါသည်။

လူကြီးမင်း၏ user ID နှင့် password ကိုမထည့်သွင်းမီ လူကြီးမင်းကြည့်နေသည့် ဝက်ဘ်ဆိုက်သည် Great Eastern နှင့်ဆိုင်သည့် ဝက်ဘ်ဆိုက်ဖြစ်ကြောင်း စစ်ဆေးပါ။ ဤအချက်ကို လူကြီးမင်း၏ browser တွင်ဖော်ပြထားသည့် URL ကိုကြည့်ရှုခြင်း၊ Great Eastern ၏ ဒစ်ဂျစ်တယ် လက်မှတ်တွင် ၎င်း၏ URL ပါဝင်ကြောင်း ကြည့်ရှုခြင်းဖြင့် လုပ်နိုင်ပါသည်။ ဒစ်ဂျစ်တယ် လက်မှတ်ကို ကြည့်ရှုစစ်ဆေးလိုပါက အဝါရောင် အမှတ်အသား (screen ၏ ညာဘက်အောက်တွင်ရှိသည်) ကို နှစ်ချက် ကလစ်နှိပ်ပြီး ထုတ်ပေးသူမှာ www.greateasternlife.com ဖြစ်ပြီး ရက်စွဲမှာလည်း မှန်ကန်ကြောင်း စစ်ပါ။

ကျွန်ုပ်တို့၏ စားသုံးသူများ၏ လုံခြုံရေးနှင့် လျှို့ဝှက်ထားသော မူဝါဒ သတင်းအချက်အလက်များကို မည်သည့်နည်းနှင့်မျှ ရယူခြင်းကဲ့သို့ ကျွန်ုပ်တို့၏လုံခြုံရေးကို ချိုးဖောက်ဝင်ရောက်နိုင်သည့် အခြေအနေ အလားအလာမရှိစေရန် ကျွန်ုပ်တို့၏ စနစ်များကို အစဉ်အမြဲ စစ်ဆေးနေပါသည်။ ကျွန်ုပ်တို့၏ စနစ်၏ လုံခြုံရေးကို မြှင့်တင်ပေးနိုင်သည့် နည်းပညာအသစ်များကို အစဉ်အမြဲ မျက်ခြေမပြတ် လေ့လာလျက် ရှိပါသည်။ သို့မှသာ ကျွန်ုပ်တို့၏ စာသုံးသူများအနေဖြင့် ၎င်းတို့၏ အဖိုးတန်သော လျှို့ဝှက်အပ်သော သတင်းအချက်အလက်များ လုံလုံခြုံခြုံရှိသည်ဟု စိတ်အေးနိုင်မည်ဖြစ်သည်။ 

ဂ. သင်ပြုလုပ်ထားသင့်သော ကြိုတင်ကာကွယ်မှုများ

၁. သင်၏ လုံခြုံရေး စာသား/နံပါတ် ကို ကာကွယ်ခြင်း

  • သင် သံသယရှိသော၊ သေချာမသိသော ၀က်ဘ်ဆိုဒ်များတွင် သင်၏ ကိုယ်ပိုင် အချက်အလက်များ၊ ငွေရေးကြေးရေး အချက်အလက်များ၊ ဘဏ်အကြွေးကဒ် အချက်အလက်များအား ထည့်သွင်းခြင်း မပြုလုပ်သင့်ပါ။
  • သင်၏ လုံခြုံရေး စာသား/နံပါတ်ကို မှန်မှန်ပြောင်းပေးပါ။ ဥပမာ- ရက် (၉၀) တစ်ခါ ပြောင်းပေးပါ။
  • သင်၏ လုံခြုံရေးစာသား/နံပါတ်ကို လျှို့ ဝှက်စွာထားပါ။ မည်သူကိုမျှ ပေးမသိပါနှင့်။
  • ခန့်မှန်းရ လွယ်ကူသော စာသား/နံပါတ်ကို မိမိ လုံခြုံရေး စာသား/နံပါတ် အဖြစ်မရွေးချယ်ပါနှင့်။
  • လုံခြုံရေးစာသား/နံပါတ် ကို သင်၏ အကောင့် ID၊ သင့် တယ်လီဖုန်းနံပါတ်၊ မွေးနေ့ ဒါမှမဟုတ် တခြား သင်၏ လူသိလွယ်သော အချက်အလက်များ ပေးခြင်းမျိုး မပြုလုပ်သင့်ပါ။
  • အွန်လိုင်းမှ ၀ယ်ယူရောင်းချခြင်းပြုလုပ်သော ၀က်ဘ်ဆိုဒ်များအား အသုံးပြုလျှင် သူများနှင့် တူတူအသုံးပြု နေသော ကွန်ပြူတာ၊ လူတကာအသုံးပြုရန် ထားသော ကွန်ပြူတာများ၊ အင်တာနက် ကော်ဖီဆိုင်များမှ ကွန်ပြူတာများမှ တဆင့် အသုံးမပြုပါနှင့်။
  • အီးမေးလ်၏ လုံခြုံရေးစာသား/နံပါတ် ၊ အွန်လိုင်း ဆိုဒ်များ ၏ လုံခြုံရေးစာသား/နံပါတ် များကို တစ်ခုတည်း သုံးခြင်းမျိုး မပြုသင့်ပါဘူး။
  • သင်၏ လုံခြုံရေးစာသား/နံပါတ်ကို ကွန်ပြူတာထဲတွင် ရိုက်သွင်း မှတ်သားထားခြင်း၊ ဖုန်းထဲတွင် သိမ်းဆည်းထားခြင်း ဒါမှမဟုတ် လုံခြုံမှု မရှိသော နေရာများတွင် ရေးမှတ်သားခြင်းများ မလုပ်ရပါ။
  • တစုံတယောက်က သင့် အကောင့်ကို ၀င်ရောက်သုံးစွဲခြင်း သို့မဟုတ် မယုံကြည်ရသူ တစ်ယောက်အား သင့်အချက်အလက်အား ပေးမိသည်ဟု သံသယရှိပါက သင့်၏ လုံခြုံရေးစာသား/နံပါတ်ကို ချက်ချင်း ပြောင်းပစ်ပါ။ တခြားသူ မြင်နိုင်သည့် အနေအထားတွင် သင်၏ လုံခြုံရေးစာသား/နံပါတ်ကို ထည့်သွင်းရိုက်ခြင်းမျိုး မလုပ်ပါနှင့်။
  • သင်၏ လုံခြုံရေးစာသား/နံပါတ်ကို Internet browsers တွင် သိမ်းဆည်း မှတ်သားမလားဟု browsers ကမေးလာလျှင် မမှတ်ပါ ကိုရွေးပါ။
  • သင်၏ လုံခြုံရေး ကိရိယာမှ ပေးပို့သော OTP လုံခြုံရေး နံပါတ်ကို မည်သူကိုမှ မပြောပြပါနှင့်။
  • သင်၏ မိုဘိုင်းလ် ဖုန်းနံပါတ် ပြောင်းလဲမှု၊ ပျောက်ဆုံးမှု ရှိပါက Great Eastern သို့ ချက်ချင်း အကြောင်းကြားပေး ရမှာဖြစ်ပါသည်။
  • Great Eastern မှ ၀န်ထမ်းများအနေဖြင့် မည်သည့်အခြေအနေတွင် ဖြစ်စေ သင်၏ အကောင့် ID နှင့် လုံခြုံရေးစာသား/နံပါတ်ကို တောင်းဆိုမှာ မဟုတ်ပါဘူး။

သင်၏ အကောင့်အား ခေတ္တပိတ်ထားခြင်း၊ ဒါမှမဟုတ် သင်၏ အကောင့် ID/ လုံခြုံရေးစာသား/နံပါတ်ကို Browsers မှတဆင့် ပြန်လည်ရယူလိုလျှင် အောက်ပါအချက်များအတိုင်း ပြုလုပ်ပါ။

အင်တာနက် Explorer

သင်၏ Internet Explorer browser ကိုဖွင့်ပြီး "Tools" >> "Internet Options" >> "Content" ကို နှိပ်ပါ။

"Personal Information" အောက်တွင်ရှိသော "AutoComplete" ကို နှိပ်ပါ။ "User names and passwords on forms"  ဆိုသည့် ဘောက်စ်ကလေး တွင် အမှန်ခြစ်ဖြစ်နေပါက တစ်ချက်နှိပ်လိုက်ပါ။ အမှန်ခြစ်လေး ပျောက်သွားပါလိမ့်မည်။ ပြီးလျှင် "Clear Passwords" ဆိုတာလေးကို နှိပ်ပေးပါ။

"OK"  ခလုပ်လေးအား နှိပ်ပေးခြင်းဖြင့် အထက်ပါပြုလုပ်ချက်များကို သိမ်းဆည်းပါ။

၂။ သင်၏ ကွန်ပျူတာအား ဗိုင်းရပ်စ် နှင့်  အန္တာရယ်ရှိစေသော ပရိုဂရမ်များ နှောင့်ယှက်ခြင်းမှ ကာကွယ်ခြင်း

  • Malware များဟာ သာမာန်အားဖြင့် URL လင့်ခ်များ၊ ဖိုင်အတက်ခ်ျ များကို သင်သိသော သူများ၏ အီးမေးလ်များအား အသုံးပြု၍ ပို့ဆောင်တတ်ပါသည်။ နိုင်ငံတကာ အသိအမှတ်ပြုထားသော Software များ ပုံစံဟန်ဆောင်၍လည်း သင်၏ ကွန်ပျူတာထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလေ့ရှိပါသည်။ ထိုအရာများ ကို မိမိ၏ ကွန်ပျူတာတွင် ထည့်သွင်းမိပါက မိမိ ကွန်ပျူတာတွင် ထည့်သွင်း သိမ်းဆည်းထားမိသော ကိုယ်ပိုင် အချက်အလက်များ၊ ငွေရေးကြေးရေးနှင့် ဆိုင်သော အချက်အလက်များအား ခိုးယူခြင်း၊ သင်၏ အီးမေးလ်၊ ၀က်ဘ်ဆိုဒ်များ ကို အသုံးပြုပြီး တခြားသူများအားနှောင့်ယှက်ခြင်း၊ တခြားသူများ၏ အချက်အလက်များအား သင်၏နာမည်ကို အသုံးပြ၍ ခိုးယူခြင်းများကို လုပ်ဆောင်နိုင်ပါသည်။
  • သင်၏ ကွန်ပြူတာဟာ  Broadband connection၊ digital subscriber  နှင့်  cable moderns များနှင့် ချိတ်ဆက် သုံးစွဲခြင်းဖြစ်ပါက ဗိုင်းရပ်စ် နှင့် အခြားအန္တရာယ်ရှိစေသော ပရိုဂရမ်များ ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် ကွန်ပြူတာထဲရှိ Anti-virus, Anti-spyware နှင့် Firewall စနစ်များအား အမြဲ နောက်ဆုံးထွက်ရှိသော ဗားရှင်းများထည့်သွင်းထားဖို့လိုပါသည်။
  • မိမိကွန်ပျူတာထဲတွင် ထည့်သွင်းထားပြီးသော Anti-viurs နှင့် Firewall ဆော့ဖ်ဝဲလ်များကို နောက်ဆုံးထွက်ရှိသော ဗားရှင်းများဖြင့် အမြဲပုံမှန် ပြောင်းလဲပေးနေရပါမည်။
  • သင်၏ကွန်ပျူတာအား အင်တာနက် တိုက်ခိုက်မှူများမှကာကွယ်ရန် သင်၏ကွန်ပျူတာ အတွင်းရှိ Personal firewall ကိုအသုံးပြုပါ။
  • ကိုယ်သေချာ မသိတဲ့ လူတွေ ပို့လိုက်တဲ့ အီးမေးလ် မှာပါတဲ့ ၀က်ဘ်ဆိုဒ် လင့်ခ် များ၊ တွဲပါသော ဖိုင်များကို နှိပ်ခြင်း၊ ဖွင့်ခြင်းများကို ရှောင်ကြဉ်ရပါမည်။
  • သံသယဖြစ်လောက်တဲ့ (ကိုယ်မသိသောသူမှ ပို့ခြင်း၊ သိသူမှ ပို့လျှင်လည်း ပို့စရာအကြောင်းမရှိဘဲ ပို့သောအရာများ) အီးမေးလ်ထဲမှာ ပါလာတဲ့ ပရိုဂရမ်ဖိုင်များကို မိမိ ကွန်ပျူတာထဲကို သိမ်းဆည်းခြင်းမပြုသင့်ပါ။
  • Anti-Virus ဆော့ဖ်ဝဲလ်များကို အသုံးပြုခြင်းဖြင့် မိမိကွန်ပျူတာကို ကာကွယ်သင့်ပါသည်။
  • သင်၏ ကွန်ပျူတာထဲရှိ ၀င်းဒိုး စနစ်များကိုလည်း နောက်ဆုံးဗားရှင်းများသို့ ပုံမှန် ပြောင်းလဲပေးခြင်းဖြင့် ကွန်ပျူတာ၏ လုံခြုံရေး စနစ်ကို မြှင့်တင်ရပါမည်။ 
  • အန္တရာယ်ရှိသော Malware စနစ်များ မိမိကွန်ပျူတာထဲ ၀င်ရောက်လာပါက ကွန်ပျူတာဟာ လုပ်ဆောင်မှု နှေးကွေးလာခြင်း၊ ပုံမှန်လုပ်ဆောင်မှုများမှ သွေဖယ်လာခြင်း၊ မလိုအပ်သော မက်ဆေ့ခ်ျ များ ခဏခဏပေါ်လာခြင်း တို့ဖြစ်ပေါ်လာတတ်ပါသည်။ မိမိကွန်ပျူတာမှာ Malware စနစ်များ တိုက်ခိုက်ခံနေရ သည်ဟု သံသယရှိပါက Great Eastern ၀က်ဘ်ဆိုဒ်အား အသုံးပြုခြင်းအား သင်၏ ကွန်ပျူတာ ကောင်းမွန်သည်အထိ ရပ်ဆိုင်းထားသင့်ပါသည်။

၃. သင့်ကွန်ပျူတာအား အန္တရာယ် ပြုနိုင်သည့် Spyware များ၏ရန်အား        အမြဲသတိရှိစွာဖြင့် ကာကွယ်ရန်

  • Spyware ဆိုသည်မှာ အီးမေးလ် လင့်ခ်များမှ တဆင့်ဖြစ်စေ၊ ပရိုဂရမ် ထည့်သွင်းခြင်းမှ ဖြစ်စေ၊ သင် ၀င်ရောက်ကြည့်ရှုသော ၀က်ဘ်ဆိုဒ်များမှ ဖြစ်စေ သင့်ကွန်ပျူတာထဲသို့ ၀င်ရောက်ပြီး သင့်၏ ကွန်ပျူတာထဲတွင် ထည့်သွင်းထားသော အချက်အလက်များအား သင်မသိပဲ လျှို့ ဝှက်စွာ စုဆောင်းခိုးယူတတ်သော ပရိုဂရမ်မျိုး ဖြစ်ပါသည်။
  • Spyaware တွေဟာ သင့်ရဲ့  ကွန်ပျူတာ၊ အီးမေးလ် စသည်တို့၏ လုံခြုံရေးလျို့ဝှက်စကားများ၊ ကွန်ပျူတာထဲတွင် သိမ်းဆည်းထားသော သင့်၏ အရေးကြီးသော သတင်းအချက်အလက်များအား သိရှိရယူနိုင်ပါသည်။
  • Anti-spyware ပရိုဂရမ်များကို သင်၏ ကွန်ပျူတာအတွင်း ထည့်သွင်းထားခြင်းဖြင့် လျှို့ ဝှက် ၀င်ရောက်နေသော ပရိုဂရမ်များကို ရှာဖွေ၍ ဖယ်ရှားနိုင်မှာ ဖြစ်ပါသည်။
  • သင်၏ကွန်ပျူတာအား အင်တာနက် တိုက်ခိုက်မှူများမှကာကွယ်ရန် သင်၏ကွန်ပျူတာ အတွင်းရှိ Personal firewall ကိုအသုံးပြုပါ။
  • ၀က်ဘ်ဆိုဒ်များမှ မလိုအပ်ပဲ သင်၏ အင်တာနက်မြန်နှုန်းမြင့်အောင် ဆော့ဖ်ဝဲလ် ထည့်သွင်းခိုင်းခြင်းမျိုး၊ တခြား ဆွဲဆောင်ခြင်းများဖြင့် ထည့်သွင်းခိုင်းခြင်းမျိုးများရှိလာပါက သတိထားသင့်ပါသည်။ အဆိုပါ ဆော့ဖ်ဝဲလ် တွေဟာ သင်အသုံးပြုနေကြ ဆော့ဖ်ဝဲလ် ပုံစံမျိုးလည်း အသွင်ဆောင် ထားတတ်ပါတယ်။ (မိမိ မသေချာဘူးလို့ ခံစားရရင် တတ်သိနားလည် သူတွေကို မေးမြန်းပြီးမှ ဆက်လက်လုပ်ဆောင်ပါ။) မသိပဲ ထိုဆော့ဖ်ဝဲလ် များအား ထည့်သွင်းမိပါက အင်တာနက်အသုံးပြုမှုမှ တဆင့် သင်၏ အွန်လိုင်းပေါ်တွင် လုပ်ဆောင်မှုများအား စောင့်ကြည့်နိုင်ခြင်း၊ သင်၏ ကွန်ပျူတာထဲ ၀င်ရောက်၍ အချက်အလက်များ ယူဆောင်ခြင်းများ လုပ်ဆောင်နိုင်ပါသည်။ 
  • မလိုအပ်သော မက်ဆေ့ခ်ျများ ကွန်ပျူတာတွင် ခဏခဏ ပေါ်လာခြင်း၊ အီးမေးလ်မှ တဆင့် သင်၏ အချက်အလက်များအား ထည့်သွင်းရန် ဆွဲဆောင်ခြင်းများ ဖြစ်လာပါက Spyware များ သင့်ကွန်ပျူတာထဲ ရောက်ရှိနိုင်ပါသဖြင့် သတိရှိနေဖို့ လိုအပ်ပါသည်။
  • အကယ်၍ သင့် ကွန်ပျူတာထဲတွင် Spyware စနစ် ရှိနေပါက (သင်ကိုယ်တိုင်လည်း ကွန်ပျူတာ စနစ်များဖြင့် ရင်းနှီးသူဖြစ်ပါက) Control panel သို့သွားပါ၊ Add/Remove Program ကို ရွေးပါ။ ပြီးရင် Spyware ကိုရှာပြီး Uninstall လုပ်ခြင်းဖြင့် ထုတ်ပစ်နိုင်ပါသည်။ အကယ်၍ သင်သည် ကွန်ပျူတာ စနစ်များဖြင့် မရင်းနှီးသူ သော်လည်းကောင်း၊ လွယ်ကူစွာ ရှာဖွေ၍ မရသော Spyware အမျိုးအစားမျိုး ဖြစ်လျင်သော်လည်းကောင်း တတ်ကျွမ်းနားလည်သူများ၏ အကူအညီကို ယူ၍ ဖယ်ရှားသင့်ပါသည်။

၎. သင်၏ အချက်အလက်များအား လိမ်လည် ရယူရန် ပို့သော    အီးမေးလ်များအား ရှောင်ရှားခြင်း

  • လိမ်လည်သူများဟာ အီမေးလ်များမှ တဆင့် သင်၏ ကိုယ်ပိုင်အချက်အလက်များအား ခိုးယူနိုင်ရန်အတွက် သင်စိတ် ၀င်စားလောက်သည့် ခေါင်းစဉ်များ တပ်၍ သူတို့ထံ စာပြန်ခိုင်းခြင်း၊ လင့်ခ်များ ထည့်သွင်းပေးပို့၍ သင့်ကွန်ပျူတာထဲသို့ ထည့်သွင်းခိုင်းခြင်းများပြုလုပ်သော စာများကိုပေးပို့ကြပါသည်။ 
  • သင်နှင့် အကျွမ်းတ၀င် မရှိသော၊ သင်ကိုယ်တိုင်လည်း သံသယရှိသော အီးမေးလ်များ ၀င်ရောက်လာပါက သတိရှိနေဖို့ လိုအပ်ပါသည်။ သံသယရှိသော အီးမေးလ်များ ၀င်ရောက်လာပါက သင်၏ အီးမေးလ်မှ ဖျက်ပစ်ပါ။

    အကယ်၍ သင်သံယရှိသော အီးမေးလ်မှာ Great Eastern ကုမ္ပဏီနှင့် သက်ဆိုင်သလို ဖြစ်နေပါလျှင်လည်း ထိုအီးမေးလ်ကို ပြန်လည် ဖြေဆိုခြင်းမပြုပါနှင့်။ ဥပမာ ပြောရမယ်ဆိုလျှင် အီးမေးလ်ထဲတွင် လင့်ခ် တစ်ခု ထည့်ထားပြီး Great Eastern မှ သင်၏ နောက်ဆုံး ကိုယ်ပိုင်အချက်အလက်များ အား ထည့်သွင်းလိုသဖြင့် နှိပ်ပေးပါဟု ဆိုပါလိမ့်မည်။ သင်နှိပ်လိုက်ပါက လိမ်လည်သူတို့ လုပ်ဆောင်ထားသော Great Eastern ၀က်ဘ်ဆိုဒ်နှင့် အသွင်ပြင်တူသော (URL လိပ်စာလည်း ထင်ယောင်ထင်မှားဖြစ်စေနိုင်သော) ၀က်ဘ်ဆိုဒ်တစ်ခုသရောက်ရှိသွားနိုင်ပြီး သင့်၏ အချက်အလက်များအား
    ဖြည့်သွင်းခိုင်းမည်ဖြစ်ပါသည်။ တခါတရံ အဆိုပါဝက်ဘ်ဆိုဒ်များ/အီးမေးလ်များဟာ Great Eastern ၏ ကိုယ်ပိုင်အမှတ်အသားများ (logo) များကိုပင် ယူငင်သုံးစွဲထားနိုင်ပါသည်။ ထိုသို့ ကိုယ်ပိုင်အချက်အလက်များ ထည့်သွင်းခိုင်းသော လင့်ခ်များ အီးမေးလ်မှ လက်ခံရရှိပါက လုံးဝ(လုံးဝ) မယုံကြည်သင့်ပါ။

    အကယ်၍ သင့်အနေဖြင့် သံသဖြစ်ဖွယ် အီးမေးလ်များ လက်ခံရရှိပါက သင်၏ ကိုယ်ပိုင်အချက်အလက်များနှင့် ငွေရေးကြေးရေး အချက်အလက်များကို လုံးဝ မပေးပါနှင့်။ Great Eastern သို့ဆက်သွယ်ပြီး စုံစမ်းမေးမြန်းမှု အရင်ပြုလုပ်ပါ။ ကျွနုပ်တို့၏www.greateasternlife.com မှတဆင့် ဆက်သွယ်နိုင်ပါသည်။ သံသယ်ဖြစ်ဖွယ် အီးမေးလ်မှ တဆင့်ရောက်လာသော အချက်အလက်များ၊ လင့်ခ်များကို ဘယ်သောအခါမှ မယုံကြည်သင့်ပါ။
  • အီးမေးလ်မှ ပါရှိသော လင့်ခ်ကို နှိပ်ခြင်းဖြင့် Great Eastern ရှိ မိမိ အကောင့်အား ၀င်ရောက်ရသော စာမျက်နှာကို မသွားပါနှင့်။  www.greateasternlife.com ကို သင်၏ အင်တာနက် browser တွင် ကိုယ်တိုင် ရိုက်နှိပ်ပြီးမှသာ ၀င်ပါ။ 
  • သင်၏ Internet Service Provider ကိုဆက်သွယ်၍ သင် သံသယရှိသော အီးမေးလ် အကောင့်များကို တားဆီးပိတ်ပင်ခြင်း၊ သင်၏ အီးမေးလ်တွင် Spam Filter ထားခြင်းများကို ဆောင်ရွက်နိုင်ပါသည်။
  • သင်၏ အရေးကြီးသော သတင်းအချက်အလက်များကို အီးမေးလ်မှ ပို့ဆောင်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါသည်။
  • မိမိ သေချာ မသိသော အီးမေးလ်မှတဆင့် မေးမြန်းလာသော သင်၏ ကိုယ်ရေးအချက်အလက်များကို ပြန်လည်ဖြေဆိုခြင်း မပြုသင့်ပါ။

၅. အင်တာနက် လုံခြုံမှု

  • သင်၏ အရေးကြီးသော အချက်အလက်များကို အရန်အဖြစ် ပုံမှန် ကူးယူသိမ်းဆည်းထားပါ။
  • လုံခြုံစိတ်ချမှု မရှိဟု ခံစားရသော ကွန်ပျူတာ၊ ၀က်ဘ်ဆိုဒ် များမှ အချက်အလက် ဖိုင်များ အား မထည့်သွင်းပါနှင့်။
  • ထုတ်လုပ်သော ကုမ္ပဏီအား သေချာမသိရသော၊ သေချာ မဖော်ပြထားသော နေရာများမှ ဆော့ဖ်ဝဲလ်များအား ထည့်သွင်းခြင်း မပြုလုပ်ပါနှင့်။
  • Great Eastern ဟန်ဆောင်၍ သင်၏ အချက်အလက်များအား တရားမ၀င် ရယူရန် ကြိုးစားသူများအား သတိရှိပါ။
  • သင်၏ ကွန်ပျူတာတွင် Network မှတဆင့် ပရင်တာ သို့မဟုတ် ဖိုင်များအား တခြားသူများဖြင့် ရှယ်၍ သုံးစွဲထားပါက ဖြုတ်ထားသင့်ပါသည်။ အထူးသဖြင့် သင်တို့အားလုံး ဟာ အင်တာနက်ကို Cable moderns, broadband connection များမှ သုံးစွဲနေချိန်များတွင် မရှယ်သင့်ပါ။
  • သင်ကိုယ်တိုင် မသေချာပါလျှင် သင်မသိသောသူများမှာ တိုက်တွန်းပြောဆိုမှုကြောင့် သော်လည်းကောင်း ၊ မယုံကြည်ရသော ပရိုဂရမ်များ မှ တိုက်တွန်းမှုကြောင့်သော်လည်းကောင်း လုပ်ဆောင်မှုများအား မပြုလုပ်သင့်ပါ။
  • သင်အသုံးမပြုတော့လျှင် အွန်လိုင်းမှာ သင်ဝင်ရောက်ထားသမျှ အကောင့်များအား အားလုံးမှ ထွက်ပါ။ ကွန်ပြူတာအားလည်း ပိတ်ပါ။ သင့်ကွန်ပြူတာမှ ခေတ္တ ခဏသာ အဝေးသို့ထွက်သွားမည် ဆိုလျှင်ပင် အထက်ပါအဆင့်များအား လုပ်ခဲ့ခြင်းဖြင့် သင်မသိပဲ သင့်အချက်အလက်များ ခိုးယူခြင်း၊ သုံးစွဲခြင်းကို ကာကွယ်နိုင်ပါသည်။

စိတ်ချ၍ လုံခြုံမှု မြင့်မားသော အင်တာနက် ကုမ္ပဏီများဖြင့်သာ လုပ်ငန်းများဆောင်ရွက်သင့်ပါသည်။ သင်၏ လုံခြုံမှု၊  စိတ်ချမှု ရရှိစေရန် အင်တာနက် browser တွင် URL လိပ်စာများ တွင် http အစား https ပါသော ၀က်ဘ်ဆိုဒ်များကို ပိုမိုရှာဖွေ အသုံးပြုသင့်ပါသည်။

အင်တာနက် Explorer:

သင်၏ ကွန်ပြူတာရှိ အင်တာနက် Explore browser ကိုဖွင့်ပါ။ Menu ဘားတွင်ရှိသော "Tools" >> "Internet Options" >> "General" ကိုနှိပ်ပါ။

"Temporary Internet Files" အောက်တွင်ရှိသော "Delete Cookies" နှင့် "Delete Files" ကိုနှိပ်ပါ။ ထို့နောက် "OK" ကိုနှိပ်၍ အထက်ပါပြုလုပ်ချက်များကို သိမ်းဆည်းပါ။

  • သင်၏ နေ့စဉ်ပြုလုပ်သော မှတ်တမ်းများကို မှန်မှန်စစ်ဆေးပေးခြင်းဖြင့် သင်၏ နောက်ဆုံး အသေးစိတ်အချက်အလက်များ တည်ရှိမှု၊ သင်မသိပဲ တခြားသူများမှ သင်၏ လုပ်ဆောင်မှုများကို ၀င်ရောက်လုပ်ဆောင်ခြင်း ရှိမရှိများအား သေချာသိရှိနိုင်မှာ ဖြစ်ပါသည်။
  • သင့်အနေဖြင့် နောက်ဆုံးထွက်ရှိသော Internet Browser ဗားရှင်းကို အသုံးပြုခြင်းဖြင့် ၀က်ဘ်ဆိုဒ်များ အသုံးပြုရာတွင် လုံခြုံမှု ပိုမိုရရှိခြင်း၊ လိမ်လည် ပို့သော အီးမေးလ်များမှလင့်ခ်များအား တားဆီးနိုင်ခြင်း၊ သမာသမတ်မရှိသော ၀က်ဘ်ဆိုဒ်များအား ရှောင်ရှားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါသည်။ ထို့ကြောင့် သင့်အနေဖြင့် နောက်ဆုံးထွက် Internet Browser ဗားရှင်းကို ပုံမှန် စစ်ဆေး၍ ထည့်သွင်းပေးဖို့ တိုက်တွန်းခြင်ပါသည်။ သင့် ကွန်ပြူတာတွင် ထည့်သွင်းထားသော ဗိုင်းရပ်စ် သတ်သည့် ဆော့်ဖ်ဝဲလ်များ၊ ကွန်ပြူတာ၏ လုပ်ဆောင်မှု စနစ်များအား နောက်ဆုံးဗားရှင်း ထည့်သွင်းထားခြင်း၊ Internet Browser ၏ လုံခြုံရေး စနစ်များအား မြှင့်တင်ထားခြင်းတို့ကိုလည်း ပြုလုပ်ထားသင့်ပါသည်။

၆။ မိမိဘာသာ Smishing ရန်မှ ကာကွယ်ခြင်း (SMS Phishing)

  • Smishing သို့မဟုတ် SMS Phishing ဆိုသည်မှာ မိုဘိုင်း ပစ္စည်းများတွင် အသုံးပြုသည့် phishing scam ဖြစ်သည်။ လိမ်လည်သူများသည် မှန်ကန်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဟန်ဆောင်၍ လူကြီးမင်းထံသို့ လူကြီးမင်း၏ ကိုယ်ပိုင် ဘဏ်စာရင်း အချက်အလက်များကို ရယူရန် နည်းလမ်းမျိုးစုံထည့်သွင်းထားသည့်  စာတို message ပေးပို့ခြင်းဖြစ်သည်။
  • လူကြီးမင်း၏ ဘဏ်၊ အာမခံ ကုမ္ပဏီ သို့မဟုတ် အင်တာနက် ဝန်ဆောင်မှုပေးအပ်သူကဲ့သို့သော အဖွဲ့အစည်းများထံမှဟူ၍ ပြောဆိုသည့် ကိုယ်စားလှယ်များထံမှ မတောင်းဆိုဘဲ ရောက်ရှိလာသည့် စာတို message များ (SMS) ကို လက်ခံရရှိခြင်း။ လူကြီးမင်းမှ ပြန်လည်ခေါ်ဆိုသည့်အခါ ၎င်းတို့သည် မေးခွန်းများမေးတတ်ြုကပြီး ထိုမေးခွန်းများသည် ကိုယ်ပိုင် ဘဏ်စာရင်းအချက်အလက်များကို ဖော်ထုတ်နိုင်ပြီး ၎င်းတို့သည် လိမ်လည်မှုများတွင် အသုံးချကြမည်ဖြစ်သည်။
  • လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံအောင် ထားပါ။ လူကြီးမင်း၏ မှတ်ပုံတင်နံပါတ် ကဲ့သို့သော ကိုယ်ရေးအချက်အလက်များကို လက်လီရောင်းဝယ်ရေးလုပ်ငန်းများကဲ့သို့သော စီးပွားရေးလုပ်ငန်းများထံသို့ လုံးဝမလိုအပ်ဘဲ ပေးခြင်းကို ရှောင်ကျဉ်ပါ။
  • မိမိမလုပ်ခဲ့သည့် စီးပွားရေးဆိုင်ရာ အရောင်းအဝယ်များအကြောင်း SMS များ၊ ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် အီးမေးလ်များကို မည်သည့်အခါမျှ ပြန်လည်ဖြေကြားခြင်း မပြုပါနှင့်။ မိမိ၏ လျှို့ဝှက် သတင်းအချက်အလက်များအကြောင်းမေးသည့် စာတို message ပို့လာမှုများကိုလည်း မဖြေပါနှင့်။
  • မသိသည့် သူများဆီထံမှ မတောင်းဆိုဘဲ ရောက်ရှိလာသည့် SMS သို့မဟုတ် multi-media message(MMS)  များတွင် တွေ့ရသော မည်သည့် ဝက်ဘ်ဆိုဒ် လင့်ခ်များကိုမျှ မနှိပ်မိပါစေနှင့်။ ထိုကဲ့သို့ SMS များ ကို မဖြေကြားဘဲ ချက်ချင်း ဖျက်ပစ်ပါ။

၇. Vishing (Voice Phishing)

  • Vishing (Voice Phishing ဟုလည်းခေါ်သည်) ဆိုသည်မှာ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များ သို့မဟုတ် မူဝါဒ အချက်အလက်များကို ပေးအပ်ရန် လှည့်ဖြားလိုသဖြင့် တိုက်ခိုက်သူမှ ဖုန်းခေါ်ဆိုလာသည့် phishing ပုံစံတစ်မျိုးဖြစ်သည်။ ဤဖုန်းခေါ်ဆိုမှုသည် လက်ရှိအချိန်တွင် ခေါ်ဆိုနေခြင်းလည်းဖြစ်နိုင်ပြီး အလိုအလျောက် အသံသွင်းထားခြင်းလည်း ဖြစ်နိုင်သည်။
  • လူကြီးမင်းအနေဖြင့် ၎င်းတို့၏ hotline သို့ဖုန်းခေါ်ပြီး ကိုယ်ရေးအချက်အလက်များကို ထည့်သွင်းခြင်း မပြုပါက လူကြီးမင်း၏ မူဝါဒ အကောင့်ကို ပယ်ဖျက်မည်ဟု ဆိုထားသည့် သံသယဖြစ်ဖွယ်ရာ ဖုန်းခေါ်ဆိုမှု သို့မဟုတ် အသံသွင်းထားသည့် မေးလ်ကို လူကြီးမင်းမှ လက်ခံရရှိခြင်း။
  • သံသယရှိပါက ကိုယ်ရေး သို့မဟုတ် ငွေကြေးဆိုင်ရာ အချက်အလက်များကို မပေးပါနှင့်။
  • ကျွန်ုပ်တို့၏ စားသုံးသူ ဝန်ဆောင်မှု hotline ထံသို့ ဆက်သွယ်၍ လူကြီးမင်းထံသို့ လာသည့် ဖုန်းခေါ်ဆိုမှုများမှာ Great Eastern မူဝါဒအကောင့်မှဟုတ် မဟုတ် စစ်ဆေးပါ။

၈။ မိုဘိုင်းလ် လုံခြုံရေး

  • Apple app store မှ သို့မဟုတ် Great Eastern မှ တင်ထားသည့် ဆိုဒ်များတွင် Great Eastern မိုဘိုင်းလ် application ကို ဒေါင်းလုတ်ဆွဲ၍ ရယူပါ။ ဤဝက်ဘ်ဆိုဒ်များမှ လွဲ၍ အခြားဝက်ဘ်ဆိုဒ်များမှ ဒေါင်းလုတ်လုပ်ခြင်းကြောင့် မစစ်မှန်သည့် မိုဘိုင်းလ် application တစ်ခုကို အသုံးပြုရနိုင်သည်။
  • လူကြီးမင်း၏ မိုဘိုင်းပစ္စည်းကို ဟက်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း (ဥပမာ jailbreak လုပ်ခြင်း သို့မဟုတ် ‘root’ ဖောက်ခြင်း) မလုပ်ပါနှင့်။ ထိုသို့လုပ်ခြင်းကြောင့် လူကြီးမင်း၏ မိုဘိုင်းလ် စက်တွင် ဗိုင်းရပ်စ်များနှင့် ဖျက်လိုဖျက်ဆီးလုပ်မည့် ဆော့ဖ်ဝဲများ ဝင်ရောက်လာနိုင်ချေ ပိုများပြားလာမည်။


၉. အရေးပေါ်ကိစ္စရပ်များနှင့် ပါတ်သက်၍ ဆက်သွယ်ရန်


အကယ်၍ သင့်အနေဖြင့် သင်၏ အချက်အလက်များနှင့် ပါတ်သက်၍ လုံခြုံမှုမရှိဟု သံသယဖြစ်ပေါ်ပါက အချိန်မရွေး ကျွန်ုပ်တို့၏ ဖုန်းနံပါတ် ဖြစ်သော +၉၅ ၂၅၄၀၅ ၄၀၉၃ သို့ ဆက်သွယ်၍သော်လည်းကောင်း၊ အီးမေးလ် လိပ်စာဖြစ်သော wecare-mm@greateasternlife.com သို့လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပါသည်။

အကယ်၍ အီးမေးလ်မှ ဆက်သွယ်လာပါက သင်၏ စာထဲတွင် အောက်ပါ အချက်အလက်များကို ထည့်သွင်းပေးလိုက်ရမှာ ဖြစ်ပါတယ် -

  • သင်၏ နာမည် နှင့် သင် အကောင့်၏ ID
  • သင် သံသယရှိသည်ဟု ခံစားရစေသော သုံးစွဲသည့် နေ့ရက် နှင့် အချိန်
  • လွဲမှားနေကြောင်းအား ဖော်ပြထားသော အချက်များနှင့်
  • လုံခြုံမှု ချိုးဖောက်ခံရသည့် အချက်များ

အထက်ပါ အချက်အလက်များကို ကျွန်ုပ်တို့ လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် စုံစမ်း စစ်ဆေးခြင်းကို အလျင်အမြန် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ သင့်ထံသို့လည်း ပြသနာ အကြီး၊ အသေးအပေါ်မူတည်ပြီး အလျင်မြန်ဆုံး ပြန်လည် ဖြေကြားသွားမှာ ဖြစ်ပါသည်။

ယခု သင်ကြည့်ရှုနေသော ၀က်ဘ်ဆိုဒ်ဟာ Internet Explorer 9 နှင့် အထက်ရှိသော ဗားရှင်းဖြင့်ကြည့်ပါက ပိုမိုကောင်းမွန်မှာဖြစ်ပါသည်။

Screen resolution ကတော့ ၁၀၂၄ x ၇၆၈ အနေထားတွင် အကောင်းမွန်ဆုံးဖြစ်ပါသည်။

Back to Top
ကူညီပါရစေ
မြန်မာပြည်တွင်းခေါ်ဆိုရန်
ပြည်ပမှခေါ်ဆိုရန်
အီးမေးလ်
ဝင်ရောက်
ကြည့်ရှုရန်
ကျွန်ုပ်တို့အကြောင်း
Great Eastern Holdings Ltd | The Great Eastern Life Assurance Company Limited | Great Eastern General Insurance Ltd.
Great Eastern Holdings Ltd | The Great Eastern Life Assurance Company Limited | Great Eastern General Insurance Ltd.